သတ္ထုသာသနသုတ်

ဝီကီပီးဒီးယား မှ

သတ္ထုသာသနသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဓမ္မ, ဝိနယ, မြတ်စွာဘုရား၏ အဆုံးအမတို့နှင့် ပတ်သက်၍ ဟောကြားတော်မူခဲ့သည်။[၁]

သတ္ထုသာသနသုတ်[ပြင်ဆင်ရန်]

ထိုအခါ၌ အသျှင်ဥပါလိမထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ - [၁]

အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရားဟောကြားတော်မူအပ်သော တရားတော်ကို ကြားနာရ၍ တယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်သည်ဖြစ်၍ နေလိုပါ၏ ဟု (လျှောက်၏)။[၁]

ဥပါလိ “ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန်, တပ်ခြင်းကင်းရန်, ကိလေသာ ချုပ်ငြိမ်းရန်, ထူးသောဉာဏ်ဖြင့် သိရန်, သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိရန် မဖြစ်ကုန်, နိဗ္ဗာန်အလို့ငှါ မဖြစ်ကုန်” ဟူ၍ သင်သည် အကြင်တရားတို့ကို သိရာ၏။ ဥပါလိ “ဤသို့သော တရားသည် ဓမ္မ မမည်၊ ဤသို့သော တရားသည် ဝိနယ မမည်, ဤသို့သော တရားသည် မြတ်စွာဘုရား၏ အဆုံးအမတော် မဟုတ်” ဟု သင်သည် စင်စစ် မှတ်သားရာ၏။[၁]

ဥပါလိ “ဤတရားတို့သည် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ကိလေသာ ချုပ်ငြိမ်းရန် ထူးသောဉာဏ်ဖြင့် သိရန် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိရန် ဖြစ်ကုန်၏၊ နိဗ္ဗာန်အလို့ငှါ ဖြစ်ကုန်၏” ဟူ၍ သင်သည်အကြင်တရားတို့ကို သိရာ၏။ [၁]

ဥပါလိ “ဤသို့သော တရားသည် ဓမ္မမည်၏၊ ဤသို့သော တရားသည် ဝိနယမည်၏၊ ဤသို့သော တရားသည် မြတ်စွာဘုရား၏ အဆုံးအမတော်ပင်တည်း” ဟု သင်သည် စင်စစ် မှတ်သားရာ၏ ဟု (မိန့်တော်မူ၏)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ ပဏ္ဏာသ - သုတ်ငါးဆယ်၊ ၈-ဝိနယဝဂ်၊ သတ္ထုသာသနသုတ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ သာသနာ - ၂၅၄၁၊ ကောဇာ - ၁၃၅၉၊ ၁၉၉၈ ခုနှစ်။ pp. ၆၃၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)