မာတိကာသို့ ခုန်သွားရန်

စရိယသုတ်

ဝီကီပီးဒီးယား မှ

[] သုက္ကဓမ္မနှစ်ပါးတို့ လောကကို စောင့်ရှောက်ခြင်းကြောင့် လောက၌ အမိအစရှိသော ပိုင်းခြားထားမှု မပျက်မစီးပုံ၊ သုက္ကဓမ္မနှစ်ပါးတို့ မစောင့်ရှောက်ထားလျှင် ခွေး, မြေခွေး အစရှိသော တိရစ္ဆာန်လောကကဲ့သို့ အမိ-အစရှိသော ပိုင်းခြားထားမှု မထင်ရှားတော့ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ []

၉-စရိယသုတ်

[ပြင်ဆင်ရန်]

လောကကို စောင့်ရှောက်ကုန်သော ဖြူစင်သော တရား ၂-ပါးမှာ ဟိရိဩတ္တပ္ပတို့ ဖြစ်သည်၊ ယင်း ၂-ပါး မစောင့်ရှောက်လျှင် ဤလောက၌ အမိ၊ မိကြီး၊ မိထွေး၊ ဦးရီး၏ မယား၊ ဆရာ၏ မယား၊ ရိုသေလေးစားအပ်သူတို့၏ မယားဟု မထင်ရှား မသိသာကုန်ရာ၊ ယင်းသို့ မသိသာလျှင် လောကသည် ဆိတ် သိုး ကြက် ဝက် အိမ်ခွေး တောခွေးများလို ရောယှက်ခြင်းသို့ ရောက်ကုန်ရာ၏၊ ဤ ၂-ပါး စောင့်ရှောက်မှု ကြောင့်သာ အမိမိကြီး မိထွေး စသည် ထင်ရှားသိသာကုန်သည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. -အံ၊၁၊၅၃။ အံ၊မြန်၊၁၊၆၅။ အံ၊ဋ္ဌ၊၂၊၇-၈။ အံ၊ဋီ၊၂၊၈။ -အင်္ဂုတ္တရနိကာယ၊ ဒုကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-ကမ္မကရဏဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ