ဘဏ္ဍနသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ငြင်းခုံခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ အချင်းချင်း ဆန့်ကျင်ဘက်ပြောဆိုခြင်း၊ နှုတ်လှံထိုး၍နေကြကုန်သော ရဟန်းတို့သည် မိစ္ဆာဝိတက်သုံးပါးကို ပွားများနေကြပြီး သမ္မာဝိတက်သုံးပါးကို စွန့်နေကြပုံ။

စိတ်တူကိုယ်မျှ ညီညွတ်ကြကုန်လျက် အချင်းချင်း ဝမ်းမြောက်ဝမ်းသာ ပြောဆိုကြကုန်လျက် နို့နှင့်ရောသော ရေပမာ ချစ်ခင်သောမျက်လုံးတို့ဖြင့် အချင်းချင်း ကြည့်ရှုနေနိုင်သောရဟန်းတို့သည် မိစ္ဆာဝိတက်သုံးပါးကို စွန့်လွှတ်ကြပြီး သမ္မာဝိတက် တရားသုံးပါးတို့ကို ကြိမ်ဖန်များစွာပွားများ၍နေကြပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဆွမ်းဘုဉ်းပေးပြီးနောက် ဆွမ်းဘုဉ်းပေးရာအရပ်မှ ဖဲခွာ(ပြန်လာ)ကြကုန်ပြီး စည်းဝေးညီမူရာ တန်ဆောင်းဝန်း၌ စည်းဝေးကြပြီး ငြင်းခုံကြ၊ ရန်ဖြစ်ကြ၊ အချင်းချင်းဆန့်ကျင်ဘက်ပြောဆိုကြ၊ နှုတ်လှံ ထိုးကြလျက် နေကြကုန်သောရဟန်းတို့ကို အကြောင်းပြု၍ လူ့ဘောင်မှခွာရှောင်၍ ရဟန်းပြုလာကြသော ရဟန်းတို့အား ဤကဲ့သို့သော နေထိုင်ခြင်းသည် မသင့်လျော်ပုံကို မိန့်ကြားတော်မူ၍ သက်ဆုံးတိုင် အောက်မေ့အပ်၊ ချစ်ခင်ခြင်းကိုပြုတတ်၊ လေးစားရိုသေထိုက်၊ ချီးမြှောက်ခြင်း၊ ငြင်းခုံခြင်း၊ တပေါင်းတည်းဖြစ်နိုင်သော တရားဆယ်ပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၂၇၉။ အံ၊မြန်၊၁၊၂၉၇။ အံ၊ဋ္ဌ၊၂၊၂၃၆။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၃) ၃-ကုသိနာရဝဂ္ဂ၊ ဒုတိယသုတ်။
  2. -အံ၊၃၊၃၂၅-၈။ အံ၊မြန်၊၃၊၃၂၅-၇။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၅-အက္ကောသဝဂ္ဂ၊ ဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ