နန္ဒကသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဥပဋ္ဌာနသာလာ၌ ဓမ္မကထိက အရှင်နန္ဒကထေရ် ညဉ့်သုံးယာမ်ပတ်လုံး ရဟန်းတော်တို့အား တရားဟောသည်ကို ဘုရားရှင် ရပ်တော်မူလျက် တရားနာပုံ, အရှင်နန္ဒကထေရ်အား ချီးမွမ်းတော်မူပုံ ဓမ္မီ ဝါ ကထာ, အရိယတုဏှိဘာဝတို့သည် အနာဂါရိက ကုလပုတ္တတို့နှင့် သင့်လျော်ပုံ ရဟန်းတော်များ ပြည့်စုံရမည်တရား လေးပါးတို့ကို အရှင်နန္ဒကနှင့် ရဟန်းတော်များအား ဘုရားရှင် ဟောမိန့်တော်မူပြီး ပြန်ကြွတော်မူပုံ အရှင်နန္ဒကထေရ်က ရဟန်းတော်များအား ယင်းတရားလေးပါးနှင့် ဓမ္မဿဝနာနိသံသ (၅)မျိုးကို ဟောကြားပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာများကို ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၁၆၉-၁၇၃။ အံ၊မြန်၊၃၊၁၇၁-၅။ အံ၊ဋ္ဌ၊၃၊၁၆၀-၁။ အံ၊ဋီ၊၃၊၂၈၃။ -အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-သမ္ဗောဓိဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ