ဣဏသုတ်

ဝီကီပီးဒီးယား မှ

[၁] (၁)ကြွေးယူရခြင်း၊ (၂)အတိုးပေးပါမည်ဟု ဝန်ခံရခြင်း၊ (၃)ကြွေးတောင်းခံ ရခြင်း၊ (၄)ကြွေးရှင်တို့ အလိုက်ခံရခြင်း၊ (၅)ချုပ်နှောင်ခံရခြင်း-ဟူသော ကာမဘောဂီ လူဆင်းရဲ၏ ဒုက္ခငါးပါး၊ ကုသိုလ်တရားတို့၌ သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာ မရှိသောရဟန်းကို အရိယသာသနာတော်၌ ကိုယ်ပိုင်ဥစ္စာ မရှိ၊ မကြွယ်ဝသူ၊ လူမွဲဟု ဆိုထိုက်ပုံ၊ (၁)ကုသိုလ်တရားတို့၌ ထိုတရားငါးပါးမရှိသောကြောင့် ဒုစရိုက်ဆယ်ပါး လွန်ကျူးခြင်းသည် လူမွဲ၏ကြွေးယူသည်နှင့် တူပုံ၊ (၂)ဒုစရိုက်တရားပြုကျင့်ပြီး ဖုံးလွှမ်းခြင်းသည် အတိုးတက်လာသည်နှင့် တူပုံ၊ (၃)ထိုဒုစရိုက်အမှုကို ပြုကျင့်သောရဟန်းကို သီလရှိသူ, မြင့်မြတ်သောအကျင့်ရှိသူတို့က ကဲ့ရဲ့ခြင်းသည် ကြွေးတောင်းခံရသည်နှင့် တူပုံ၊ (၄)တောအုပ်အစရှိသော ဆိတ်ငြိမ်ရာအရပ်သို့ကပ်ရောက်နေသည့်အခါ စိတ် မချမ်းသာခြင်းနှင့် တကွ ယုတ်မာသောအကုသိုလ်ဝိတက်တရားများဖြစ်ပေါ်လာခြင်းသည် ကြွေးရှင်များ မိမိနောက်က တကောက်ကောက်အလိုက်ခံရသူနှင့် တူပုံ၊ ဒုစရိုက် လုပ်ငန်းကြောင့် ကွယ်လွန်သည်၏အခြားမဲ့ဘဝ၌ ငရဲ၊ တိရစ္ဆာန်ဖြစ်ရခြင်းသည် ချုပ်နှောင်ခံရသည်နှင့် တူပုံတို့ကို စုဏ္ဏိယဗန္ဓ၊ ဂါထာဗန္ဓများဖြင့် ဘုရားရှင်က ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၃၀၉-၃၁၁။ အံ၊မြန်၊၂၊၃၉၆-၉။ အံ၊ဋ္ဌ၊၃၊၁၁၅-၆။ အံ၊ဋီ၊၃၊၁၁၄။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၅-ဓမ္မိကဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ