ကေသကမ္ဗလသုတ်

ဝီကီပီးဒီးယား မှ

[၁] အဝတ်အထည်အားလုံးတွင် ကေသကမ္ဗလာသည် စက်ဆုတ်ဖွယ်အကောင်း ဆုံး ဖြစ်ပုံ၊ ကေသကမ္ဗလ၏ အပြစ်ငါးမျိုး၊ အယူဝါဒအားလုံးတို့တွင် မက္ခလိဂေါသာလ၏ ဝါဒသည် စက်ဆုတ်စရာ အကောင်းဆုံးဖြစ်ပုံ၊ ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ဘုရားရှင် အားလုံးတို့၏ ဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်ပုံ၊ မြစ်ဝ၌ မြုံးထောင်သကဲ့သို့ လူတို့ အစီးပွားမဲ့ ဆင်းရဲဖြစ်ရန်, ပျက်စီးရန် ဖြစ်၍ လူမြုံသဖွယ် ဖြစ်ပုံကို အကျယ်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-“တန္တာဝုတာနံ ဝတ္ထာနံ၊ ပုထုသမဏဗြာဟ္မဏ ဝါဒါနံ”ပုဒ်တို့၌ ပထမာဝိဘတ်၏အနက်၌ ဆဋ္ဌီဝိဘတ်သက်ထားပုံ၊ မက္ခလိဂေါသာလ စတင်ဖြစ်ပေါ်လာပုံ အကြောင်းကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၂၉၀။ အံ၊မြန်၊၁၊၃၀၇-၈။ အံ၊ဋ္ဌ၊၂၊၂၄၂-၃။ အံ၊ဋီ၊၂၊၂၁၈။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၄)၄-ယောဓာဇီဝဝဂ္ဂ၊ ပဉ္စမ သုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ