အကုသလရာသိသုတ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
(၂)သုတ် ရှိပါသည်။
(က) ကာမစ္ဆန္ဒ, ဗျာပါဒ၊ ထိန မိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာနီဝရဏ ဟူသော နီဝရဏတရားငါးပါးတို့ကို “အကုသိုလ်အစု” ဟုလည်းကောင်း၊
(ခ) သတိပဋ္ဌာန်တရားလေးပါးတို့ကို “ကုသိုလ်အစု” ဟုလည်းကောင်း ဆိုသင့်ပုံနှင့် သတိပဋ္ဌာန်လေးပါး ပွားများပုံကို ဟောကြားတော်မူသည့်သုတ်။
[၂] အထက်ဖော်ပြပါ နီဝရဏတရားငါးပါးတို့ကို “အကုသိုလ်အစု” ဟု ခေါ်ဆို သင့်ပုံကို ဟောကြားတော်မူသည့်သုတ်။ [၃]
အကုသလရာသိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် “အကုသိုလ်အစု” ဟူ၍ ဆိုသောသူသည် ကောင်းစွာဆိုလိုပါက နီဝရဏတရားငါးမျိုးကို ဆိုနိုင်ကြောင်း ဟောကြားတော်မူခဲ့သည်။[၄]
အကုသလရာသိသုတ်
[ပြင်ဆင်ရန်]ရဟန်းတို့ “အကုသိုလ်အစု” ဟူ၍ ဆိုသော သူသည် ကောင်းစွာဆိုလိုမူ နီဝရဏ ငါးမျိုးတို့ကို ဆိုရာ၏။
ရဟန်းတို့ အလုံးစုံသော အကုသိုလ်အစုဟူသည် ယင်း နီဝရဏ ငါးမျိုးတို့ပင်တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -
- ကာမဂုဏ်ကို လိုလားမှုဟူသော ပိတ်ပင်တတ်သောတရား ‘ကာမစ္ဆန္ဒနီဝရဏ’၊
- ပျက်စီးစေလိုမှုဟူသော ပိတ်ပင်တတ်သောတရား ‘ဗျာပါဒနီဝရဏ’၊
- လေးလံထိုင်းမှိုင်းမှုဟူသော ပိတ်ပင်တတ်သောတရား ‘ထိနမိဒ္ဓနီဝရဏ’၊
- ပျံ့လွင့်မှု နောင်တပူပန်မှုဟူသော ပိတ်ပင်တတ်သောတရား ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’၊
- မဝေခွဲနိုင်မှုဟူသော ပိတ်ပင်တတ်သောတရား ‘ဝိစိကိစ္စာနီဝရဏ’ တို့တည်း။
ရဟန်းတို့ “အကုသိုလ်အစု” ဟူ၍ ဆိုသောသူသည် ကောင်းစွာဆိုလိုမူ ဤနီဝရဏတရားငါးမျိုးတို့ကို ဆိုရာ၏။
ရဟန်းတို့ ဤအလုံးစုံသော အကုသိုလ်အစုဟူသည် ယင်း နီဝရဏ ငါးမျိုးတို့ပင်တည်း ဟု(မိန့်တော်မူ၏)။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -သံ၊၃၊၁၂၇။ သံ၊မြန်၊၃၊၁၃၁-၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၁-အမ္ဗပါလိဝဂ္ဂ၊ ပဉ္စမသုတ်။
- ↑ -အံ၊၂၊၅၇။ အံ၊မြန်၊၂၊၇၀-၁။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၆) ၁-နီဝရဏဝဂ္ဂ၊ ဒုတိယသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
- ↑ ၄.၀ ၄.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၆) ၁-နီဝရဏဝဂ်၊ ၂- အကုသလရာသိသုတ်။