အဘိဏှပစ္စဝေက္ခိတဗ္ဗဌာနသုတ်

ဝီကီပီးဒီးယား မှ

[၁] အိုခြင်းသဘော, ဖျားနာခြင်းသဘော, သေဆုံးရခြင်းသဘော, ရှင်ကွဲ သေကွဲ ကွဲရခြင်းသဘော, ကောင်း-မကောင်းသော ကံသည်သာ ကိုယ်ပိုင်ဥစ္စာ, ကံ၏အမွေခံ -ကံသာလျှင်အကြောင်းရှိပုံ, ကံသာလျှင် ဆွေမျိုးဖြစ်ပုံ, ကံသာလျှင် ကိုးကွယ်ရာ ဖြစ်ပုံဟူသော တရားငါးမျိုးကို မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ လူဖြစ်စေ, ရဟန်းဖြစ်စေ အမြဲမပြတ် ရှုမှတ်နေရမည်။ ။

သတ္တဝါတို့အား အရွယ်နုပျိုမှု “ယောဗ္ဗနမာန်၊ အနာကင်းကွာ ကျန်းမာမှုကြောင့် “အာရောဂျမာန်” အသက်ရှည်မှုကြောင့် “ဇီဝိတမာန်” ချစ်ခင်စုံမက် နှစ်သက် မြတ်နိုးဖွယ်ဖြစ်သော သတ္တဝါ, သင်္ခါရတို့၌ ဖြစ်သောဆန္ဒ-ရာဂကို အကြောင်းပြု၍ ဒုစရိုက်ဆယ်ပါးတို့ကို ပြုလုပ်, ပြောဆို ကြံစည်တတ်ကြသည်။ ယင်းဒုစရိုက်တို့ကို ပြုလုပ် ပြောဆို, ကြံစည်ကြောင်းဖြစ်သော ယောဗ္ဗနမာန်, အာရောဂျမာန်, ဇီဝိတမာန် ဆန္ဒရာဂတို့ကို အကြွင်းမဲ့ဖြစ်စေ, အဖြစ်နည်းပါးအောင်ဖြစ်စေ ပယ်နိုင်ခြင်းအကျိုး၊ ယင်းဇရာသဘာဝ, ဗျာဓိသဘာဝ, မရဏသဘာဝ, နာနာဘာဝ -ဝိနာဘာဝသဘာဝ, ကမ္မသဘာဝတို့ကို မလွန်မြောက်နိုင်ပုံကို ရှုမှတ်ဆင်ခြင်နေသော အရိယာသာဝကအား လောကုတ္တရာမဂ်ဉာဏ်, ဖြစ်ပေါ်လာပုံ၊ သံယောဇဉ်တရားတို့ကို အကြွင်းမဲ့ ပယ်နိုင်ပြီး အနုသယတရားတို့ ကင်းပျောက်သွားပုံကို အကျယ်တဝင့် ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၆၃-၆။ အံ၊မြန်၊၂၊၇၇-၈၁။ အံ၊ဋ္ဌ၊၃၊၂၈-၉။ အံ၊ဋီ၊၃၊၂၆-၆။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါက၊ ဒုတိယပဏ္ဏသက၊ (၆) ၁-နီဝရဏဝဂ္ဂ။ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ