ကေသမုတ္တိသုတ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] ကောသလနိုင်ငံ ကေသမုတ္တနိဂုံးသား ကာလာမအမျိုးသားတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ ဘုရားရှင် ကောသလတိုင်း၌ ဒေသစာရီကြွတော်မူစဉ် ကေသမုတ္တနိဂုံး၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်၏ အမျိုးအနွယ်, အရည်အချင်း, တရားတော်၏ အရည်အချင်း, ဘုရားရှင်၏ လုပ်ဆောင်ချက် ကောင်းသောဂုဏ်သတင်းများကို ကြားသိကြရသဖြင့် ဘုရားရှင်ထံ အဖူးအမြော်ရောက်ရှိလာကြပုံ၊ ကာလာမ အမျိုးသား လေးမျိုးတို့ ဘုရားရှင်နှင့် ဆက်ဆံပုံ၊ ရှေးကရောက်ရှိလာကြသော သမဏ ဗြာဟ္မဏတို့၏ အယူဝါဒရေးရာနှင့် စပ်၍ ဆောင်ရွက်သွားကြပုံ လျှောက်ထားချက်၊ အယူဝါဒရေးရာနှင့် ဆက်စပ်၍ ချက်ချင်းလက်မခံရသော အချက် (၁၀)ချက် -အကုသလ, သာဝဇ္ဇ, ဝိညုဂရဟိတဖြစ်သော လောဘ, ဒေါသ, မောဟတို့ အဇ္ဈတ္တသန္တာန်၌ ဖြစ်ပေါ်လာသည်ရှိသော် ဖြစ်တတ်သော သဘောတရားနှင့် အပြစ်များ၊ ကုသလ, အနဝဇ္ဇ ဝိညုပသတ္ထုဖြစ်သော အလောဘ, အဒေါသ, အမောဟတို့ အဇ္ဈတ္တသန္တာန်၌ ဖြစ်ပေါ်လာသည်ရှိသော် ဖြစ်တတ်သော သဘောတရားနှင့် အကျိုးတရားစိစစ်ချက် အကျယ်၊ ဗြဟ္မဝိဟာရတရားလေးပါး ပွားများပုံ၊ ထိုသို့ ပွားများခြင်းကြောင့် မျက်မှောက် ဘဝမှာပင် ထောက်ရာ, မှီရာ, တည်ရာ လေးမျိုး ရနိုင်ပုံ ဟောတော်မူချက်၊ ကေသမုတ္တိ နိဂုံးသား ကာလာမအမျိုးသားတို့၏ ပြန်လည်လျှောက်ထားချက်၊ ဥပါသကာအဖြစ် ခံယူပုံ-တို့ကို ဟောတော်မူပါသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -အံ၊၁၊၁၈၉-၁၉၄။ အံ၊မြန်၊၁၊၂၀၆-၂၁၁။ အံ၊ဋ္ဌ၊၂၊၁၈၁-၂။ အံ၊ဋီ၊၂၊၁၆၅-၆။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၇)၂-မဟာဝဂ္ဂ၊ ပဉ္စမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ