ကုဟကသုတ်

ဝီကီပီးဒီးယား မှ

[၁] ကုဟက, လပက, နေမိတ္တိက, နိပ္ပေသိက, လာဘေန လာဘ နိဇိဝိသိတ-ဟူ သော တရားငါးပါးတို့နှင့်ပြည့်စုံသော မထေရ်သည် သီတင်းသုံးဖော်တို့ မချစ်အပ်သူ မမြတ်နိုးအပ်သူ, အလေးအမြတ်မပြုအပ်သူ, စိတ်နှလုံးကို မတိုးပွားစေအပ်သူဖြစ်ကြောင်း၊ ထိုတရားငါးမျိုးမရှိသော မထေရ်သည် သီတင်းသုံးဖော်တို့ ချစ်ခင်အပ်သူ, အလေးအမြတ်ပြုအပ်သူ, မြတ်နိုးအပ်သူ, စိတ်နှလုံးကို တိုးပွားစေအပ်သူဖြစ်ကြောင်းတို့ကို သုက္ကပက္ခ, ကဏှပက္ခအားဖြင့် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂]


ကုဟကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးနှင့် သီတင်းသုံးဖာ်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၉၈။ အံ၊မြန်၊၂၊၁၁၉။ အံ၊ဋ္ဌ၊၃၊၃၈။ အံ၊ဋီ၊၃၊၃၄။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၉)၄-ထေရဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၉) ၄-ထေရဝဂ် ၃- ကုဟကသုတ်