ကာလသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
(၂)သုတ် ရှိပါသည်။
[၁] သင့်လျော်လျောက်ပတ် ကောင်းမြတ်သောအခါ၌ -တရားနာခြင်း၊ တရားဆွေး နွေးခြင်း၊ ဓမ္မကို သုံးသပ်ဆင်ခြင်ခြင်း၊ ဝိပဿနာကို အားထုတ်ခြင်း-ဟူသော သင့်လျော် လျောက်ပတ် ကောင်းမြတ်သောအခါ (၌ ဖြစ်သောကုသိုလ်တရား)လေးမျိုးကို ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] အထက်ကာလ လေးမျိုး (၌ ဖြစ်သောကုသိုလ်တရား)တို့ကို ပြည့်စုံစွာ ပွား များအပ်သည်ရှိသော်, ပြည့်ပြည့်စုံစုံ အဖန်ဖန် ဖြစ်စေအပ်သည်ရှိသော် အစဉ်အတိုင်း အာသဝေါတရားတို့ကုန်ရာ နိဗ္ဗာန်သို့ ရောက်စေနိုင်ကုန်၏-ဟု တောင်ထိပ်၌ မိုးရွာ သော ဥပမာဖြင့် ဘုရားရှင်, ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -အံ၊၁၊၄၅၇။ အံ၊မြန်၊၁၊၄၆၉။ အံ၊ဋ္ဌ၊၂၊၃၃၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၅)၅-အာဘာဝဂ္ဂ၊ ဆဋ္ဌသုတ်။
- ↑ -အံ၊၁၊၄၅၇။ အံ၊မြန်၊၁၊၄၇၀။ အံ၊ဋ္ဌ၊၂၊၃၃၉။ -အင်္ဂုတ္တရနိကာယ၊ ... သတ္တမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ