အတ္တကာရီသုတ်

ဝီကီပီးဒီးယား မှ

[၁] အညတရဗြာဟ္မဏက “မိမိသည် ပြုအပ်သော ကိစ္စမရှိ, သူတစ်ပါးသည် ပြုအပ်သော ကိစ္စမရှိ” ဟု လျှောက်ထားသဖြင့် “ရှေ့သို့ တက်ခြင်း, နောက်သို့ဆုတ်ခြင်းကို ကိုယ်တိုင်ပြု နေပါလျက် အဘယ်ကြောင့် ဤသို့ ပြောဆိုရသနည်း၊ အာရဗ္ဘဓာတ်, နိက္ကမဓာတ်, ပရက္ကမဓာတ်, ထာမဓာတ်, ဌိတိဓာတ်, ဥပက္ကမဓာတ်-ဟူသော အားထုတ်မှု ဝီရိယများရှိလျှင် ထိုဝီရိယသဘောတို့နှင့် ပြည့်စုံသူရှိရမည်။ ထိုသို့ရှိပါလျက် အဘယ်ကြောင့် မိမိသည် ပြုအပ်သော ကိစ္စမရှိ၊ သူတပါးသည် ပြုအပ်သော ကိစ္စမရှိ” ဟု ပြောရဘိသနည်းဟု မိန့်ကြားတော်မူရာ အညတရဗြာဟ္မဏက (သဘောပေါက် နားလည်ကျေနပ်သဖြင့်) ဥပါသကာ အဖြစ်ခံယူပါကြောင်း လျှောက်ထားသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၉၆-၇။ အံ၊မြန်၊၂၊၃၈၁-၂။ အံ၊ဋ္ဌ၊၃၊၁၀၈။ အံ၊ဋီ၊၃၊၁၀၈။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-ဒေဝတာဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ