အာပတ္တိသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အာပတ္တိကို အနာပတ္တိဟု ပြ (ပြောဟော, ရေးသား, ယူဆ, ပြုကျင်)ကြသော ရဟန်းတို့သည် လူအများ အစီးအပွားမဲ့ရန်, ချမ်းသာမဲ့ရန်, အကျိုးစီးပွားမဲ့ရန်, နတ် လူတို့ဆင်းရဲရန် ကျင့်သုံးကြကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း တိုးပွားစေကြကုန်၏၊ ဤသဒ္ဓမ္မသုံးဖြာသာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်း ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] အာပတ္တိကို အာပတ္တိဟု ပြ (ပြောဟော, ရေးသား, သင်ကြား, ယူဆ, ကျင့်သုံး နေခဲ့ကြသော ရဟန်းတို့သည် လူအများတို့ ကြီးပွား ချမ်းသာရန်၊ နတ်လူတို့ ချမ်းသာစေရန် ပြုကျင့်ကြသူတို့ဖြစ်ကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကို တိုးပွားစေကြကုန်၏၊ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည်လေးမြင့် တည်တံ့စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၂၀။ အံ၊မြန်၊၁၊၂၇။ အံ၊ဋ္ဌ၊၁၊၇၃။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၂-အနာပတ္တိဝဂ္ဂ၊ ဒုတိယသုတ်။
  2. -အံ၊၁၊၂၁။ အံ၊မြန်၊၁၊၂၈။ -အင်္ဂုတ္တရနိကာယ၊ ... ဒွါဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ