ဗဟုဘာဏိသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဉာဏ်ပညာဖြင့် ပိုင်းခြားဝေဖန်မှုမရှိဘဲ စကားများသောပုဂ္ဂိုလ်၌ ဝစီဒုစရိုက်လေးပါးကို ပြောမိခြင်း၊ ကွယ်လွန်သည့်အခါ ဒုဂ္ဂတိဘဝသို့ရောက်ရခြင်းဟူသော အပြစ်ငါးပါးနှင့် ဉာဏ်ပညာဖြင့် ပိုင်းခြားဝေဖန်၍ စကားပြောရာဝယ် ဝစီဒုစရိုက်လေးပါးကို မပြောမိခြင်း၊ ကွယ်လွန်သည့်အခါ သုဂတိဘဝသို့ရောက်ရခြင်းဟူသော ကဏှပက္ခ, သုက္ကပက္ခ ဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်ရှိပါသည်။ [၂]


ဗဟုဘာဏိသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် စကားများသော ပုဂ္ဂိုလ်၌ အပြစ်ငါးမျိုးနှင့် ပညာဖြင့် နှိုင်းချိန်၍ စကားပြောသော ပုဂ္ဂိုလ်၌ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

ဗဟုဘာဏိသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ စကားများသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -

  • မဟုတ် မမှန်သည်ကို ပြောမိတတ်၏။
  • ကုန်းစကားကို ပြောမိတတ်၏။
  • ကြမ်းတမ်းသော စကားကို ပြောမိတတ်၏။
  • ပြိန်ဖျင်းသော စကားကို ပြောမိတတ်၏။
  • ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ စကားများသော ပုဂ္ဂိုလ်၌ အပြစ်တို့သည် ဤငါးမျိုးတို့ပင်တည်း။[၃]

ရဟန်းတို့ ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -

  • မဟုတ် မမှန်သည်ကို မပြောမိတတ်။
  • ကုန်းစကားကို မပြောမိတတ်။
  • ကြမ်းတမ်းသော စကားကို မပြောမိတတ်။
  • ပြိန်ဖျင်းသော စကားကို မပြောမိတတ်။
  • ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့ ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၂၂။ အံ၊မြန်၊၂၊၂၅၉-၂၈၀။ အံ၊ဋ္ဌ၊၃၊၈၀။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၅-ပဉ္စမပဏ္ဏာသက (၂၂) ၂-အဏ္ဌာသကဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ ၅ - ပဉ္စမ ပဏ္ဏာသက - ပဉ္စမသုတ် ငါးဆယ်၊ (၂၂) အက္ကောသကဝဂ်၊ ၄-ဗဟုဘာဏိသုတ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ သာသနာ - ၂၅၄၁၊ ကောဇာ - ၁၃၅၉၊ ၁၉၉၈ ခုနှစ်။ pp. ၂၇၉, ၂၈၀။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)