အရကသုတ်

ဝီကီပီးဒီးယား မှ

[၁] အရက အမည်ရှိသော ဆရာကြီး၏ အဆုံးအမဩဝါဒကထာများ၊ သတ္တဝါတို့ အသက်တိုမှုနှင့် ဆက်စပ်၍-(၁) မြက်ဖျား၌ ကျရောက်သော ဆီးနှင်းပေါက်ဥပမာ၊ (၂) မိုးရေပွက်ဥပမာ၊ (၃) ရေပြင်၌ ရိုက်နှက်အပ်သော တုတ်ရာဥပမာ၊ (၄) တောင်ကျချောင်း (ရေတံခွန်) ဥပမာ၊ (၅) တံတွေးပေါက် ဥပမာ၊ (၆) ခြစ်ခြစ်တောက် (လောလော)ပူနေသော သံအိုးကင်း၌ ထည့်အပ်သော အသားတုံးဥပမာ၊ (၇) နွားသတ် ရုံသို့ ဆောင်ယူလာသော သတ်မည့်နွားမ ဥပမာတို့ဖြင့် ရာပေါင်းများစွာသော တပည့်တို့အား ဆုံးမဩဝါဒပေးပုံ၊ အရကဆရာကြီး ရှိစဉ်က လူ့သက်တမ်း အနှစ် ခြောက်သောင်းရှိပုံ၊ ထိုအခါက အသက်ငါးရာရှိမှ အမျိုးသမီးများ လက်ထပ်ကြပုံ၊ ချမ်းအေးမှု ပူအိုက်မှု ဆာလောင်မှု မွပ်သိပ်မှု၊ ကျင်ကြီး စွန့်လိုမှု၊ ကျင်ငယ် စွန့်လိုမှု ဟူသော ရောဂါခြောက်မျိုးသာ လူ့လောက၌ ရှိခဲ့ပုံ၊ အရကဆရာကြီး၏ ဩဝါဒကို ယခုအခါ၌ ပြောဆိုသင့်ပုံနှင့် ထိုခေတ်က လူ့သက်တမ်း အခြေအနေ၊ လူ့သက်တမ်းနှင့် ဆက်စပ်သော မိန့်ကြားတော်မူချက်များ၊ မိမိဟူသော ဘုရားရှင်၏ တပည့်သာဝကများအတွက် ဆောင်ရွက်တော်မူချက်၊ တိုက်တွန်းတော်မူချက်များကို ဟောတော်မူသည့်သုတ်။

ဋီကာ၌ -ထိုခေတ်က ထင်ရှားခဲ့သော ဖွားသက်ရှည်တစ်ဦးနှင့် ဖိုးသက်ရှည် ၇-ဦးတို့ကို ပြဆိုထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၅၀၁-၄။ အံ၊မြန်၊၂၊၆၂၅-၈။ အံ၊ဋ္ဌ၊၃၊၁၈၉။ အံ၊ဋီ၊၃၊၁၉၆-၈။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၇-မဟာဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ