အာစိဏ္ဏသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင်၏ အလေ့အကျက်တော်ကို ဘုရားရှင်၏ အလေ့အကျက်မဟုတ်ဟု (ပြောဟော, ရေးသား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများ အစီးအပွား မဲရန်, ချမ်းသာမဲ့ရန်, အကျိုးစီပွားမဲ့ရန်, နတ် လူတို့ ဆင်းရဲရန် ကျင့်သုံးကြကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသောအကုသိုလ်ကိုလည်း တိုးပွားစေကြကုန်၏၊ ဤသဒ္ဓမ္မသုံးဖြာ သာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်း ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] တထာဂတအာစိဏ္ဏကို တထာဂတအာစိဏ္ဏ-ဟု ပြ (ပြောဟော, ရေးသား, သင်ကြား, ယူဆ, ကျင့်သုံးနေခဲ့ကြသော ရဟန်းတို့သည် လူအများတို့ ကြီးပွား ချမ်းသာရန်, နတ် လူတို့ချမ်းသာစေရန် ပြုကျင့်ကြသူတို့ ဖြစ်ကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသောကုသိုလ်တရားကို တိုးပွားစေကြကုန်၏၊ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည်လေးမြင့် တည်တံ့စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၁၉။ အံ၊မြန်၊၁၊၂၆။ အံ၊ဋ္ဌ၊၁၊၆၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၀-ဒုတိယပမာဒါဒိဝဂ္ဂ၊ စတ္တာလီသသုတ်။
  2. -အံ၊၁၊၂၀။ အံ၊မြန်၊၁၊၂၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၁-အဓမ္မဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ