ကရဇကာယသုတ်

ဝီကီပီးဒီးယား မှ

[၁] စေတနာနှင့်တကွ ပြုလုပ် ဆည်းပူး အားထုတ်အပ်သောကံတို့၏ ယခုဘဝ၌ ဖြစ်စေ, ဒုတိယဘဝ၌ဖြစ်စေ, အခြားဘဝတစ်ခု၌ဖြစ်စေ အကျိုးဝိပါက်ကို မခံစားရပဲ ပျောက်ပျက်သွား၏-ဟု လည်းကောင်း၊ ယင်းကံတို့၏ အကျိုးဝိပါက်ကို မခံစားရပဲ သံသာရဒုက္ခ ကုန်ဆုံးသွား၏-ဟုလည်းကောင်း ဟောတော်မမူပုံ၊ အဘိဇ္ဈကင်း ဗျာပါဒရှင်းလျက် ဝဲ, ယာ, ရှေ့၊ နောက်, အထက်, အောက် အရပ် ၆-မျက်နှာရှိ သတ္တဝါအားလုံးတို့အပေါ်၌ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဘာဝနာ တစ်ပါးစီ တစ်ပါးစီ ပွားများပုံ၊ ထိုသို့ပွားများနေသူသည် မကောင်းမှုကို မပြုလုပ်ပုံ၊ မကောင်းမှုကို မပြုလုပ်သူသည် ဆင်းရဲဒုက္ခ မဖြစ်ပုံ၊ ဘာဝနာပွားများခြင်း၏ အကျိုးတရားများကို အကျယ်ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၅၀၃-၅။ အံ၊မြန်၊၃၊၄၉၃-၄။ အံ၊ဋ္ဌ၊၃၊၃၄၀-၁။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ (၂၁)၁-ကရဇကာယဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ