တိတ္ထာယတနသုတ်

ဝီကီပီးဒီးယား မှ

[၁] လူသားတို့ ခံစားနေရသော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာတို့ကို အချို့သမဏဗြာဟ္မဏတို့က ပုဗ္ဗေကတဟေတုကြောင့် ဖြစ်သည်ဟုလည်းကောင်း၊ အချို့က “ဣဿရနိမ္မာနဟေတု”ဟုလည်းကောင်း။ အချို့က “အဟေတုက အပ္ပစ္စယ”ကြောင့်ဟုလည်းကောင်း၊ ယူဆကြကုန်၏။ ထိုမိစ္ဆာအယူသုံးမျိုးကို ပညာရှိတို့ မေးမြန်းစိစစ်သည်ရှိသော် အကိရိယဝါဒ၌သာ တည်ကုန်၏ဟု မိန့်တော်မူပြီး မိစ္ဆာအယူသုံးမျိုးကို တစ်ပါးစီ တစ်ပါးစီ စိစစ်၍ နှိပ်ကွပ်ပုံကို ဘုရားရှင် ဟောတော်မူပါသည်။

ငါဘုရားဟောကြားတော်မူအပ်သော (၁) ပထဝီဓာတု၊ အာပေါဓာတု၊ တေဇောဓာတု၊ ဝါယောဓာတု၊ အာကာသဓာတု၊ ဝိညာဏဓာတု ဟူသော ဆဓာတု ဓမ္မ။ (၂) စက္ခုဖဿာယတနအစ မနောဖဿာယတနအဆုံးရှိသော ဆ ဖဿာယတနဓမ္မ။ (၃) စက္ခုနာ ရူပံ ဒိသွာ သောမနဿဌာနိယံ ရူပံ ဥပဝိစရတိ၊ ဒေါမနဿ ဌာနိယံ ရူပံ ဥပဝိစရတိ၊ ဥပေက္ခာဌာနိယံ ရူပံ ဥပဝိစရတိ အစရှိသော အဋ္ဌာရသ မနောပဝိစာရဓမ္မ။ (၄) စတ္တာရိအရိယသစ္စဓမ္မတို့ကို ပညာရှိ သမဏဗြာဟ္မဏတို့သည် မနှိပ်ကွပ်အပ်နိုင်၊ ညစ်နွမ်းအောင် မပြုအပ်နိုင်၊ မကဲ့ရဲ့အပ်နိုင်၊ မစက်ဆုပ်နိုင်ဟု အသီးအသီး တစ်ပါးစီ တစ်ပါးစီ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ တိတ္ထ၊ တိတ္ထကရ၊ တိတ္ထိယ၊ တိတ္ထိယသာဝက၊ တိတ္ထာယတနအားလုံး “အကိရိယမတ္တ၌သာ တည်ရှိပုံ၊ ကမ္မဝေဒနာ ကိရိယဝေဒနာတို့ကိုပယ်၍ ဝိပါကဝေဒနာကိုသာ လက်ခံပုံ။ ရောဂါဖြစ်ကြောင်း သမုဋ္ဌာန် (၈)ပါးတို့တွင် ဝိပါကဝေဒနာကိုသာ လက်ခံပုံ။ ကမ္မရာသယ (၃)ပါးတို့တွင် အပရပရိယာယ ကမ္မကိုလက်ခံပုံ၊ ဝိပါကရာသယ (၃)ပါးတို့တွင် အပရပရိယာယ ဝိပါကကို လက်ခံပုံ။ စေတနာရာသယ (၄)ပါးတို့တွင် ဝိပါကစေတနာကိုသာ လက်ခံပုံ။ တိတ္ထာယတန နှင့် ဘုရားရှင်ဓမ္မ နှိုင်းယှဉ်ချက်။ ဆဓာတုကမ္မဋ္ဌာန ဆဖဿာယတနကမ္မဋ္ဌာန၊ အဋ္ဌာ ရသမနောပဝိစာရကမ္မဋ္ဌာန်းတို့ကို အရဟတ္တဖိုလ်ရောက်သည်အထိ ဉာဏ်ဖြင့် ပိုင်းခြားသိမ်းဆည်း ရှုမှတ်ပုံတို့နှင့်တကွ ပြည့်ပြည့်စုံစုံ ဖွင့်ဆိုသင့်သမ္မုတို့ကို ဖွင့်ဆိုထားပါသည်။ [၂]

သမုဒယအရိယသစ္စာ[ပြင်ဆင်ရန်]

ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာဟူသည် အဘယ်နည်း?--- အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏၊ ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ်ဖြစ်၏၊ နာမ်ရုပ် ဖြစ်ခြင်းကြောင့် သဠာယတနဖြစ်၏၊ သဠာယတနဖြစ်ခြင်းကြောင့် ဖဿဖြစ်၏၊ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဖြစ်၏၊ တဏှာဖြစ်ခြင်းကြောင့် ဥပါဒါန်ဖြစ်၏၊ ဥပါဒါန်ဖြစ်ခြင်းကြောင့် ဘဝ ဖြစ်၏၊ ဘဝဖြစ်ခြင်းကြောင့် ဇာတိဖြစ်၏၊ ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတရားတို့သည် ဖြစ်ပေါ်ကြကုန်၏။ ဤသို့လျှင် သုခမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ကြောင်းသဘော ဖြစ်ခြင်းသဘောသည် ဖြစ်ပေါ်လာပေ၏။ ရဟန်းတို့ ...ဤ ကြောင်း-ကျိုး - ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟူ၍ ခေါ်ဆိုအပ်ပေသည်။ [၃][၄]

ကိုယ်တိုင်မျက်မှောက်သိရမည့် ပဋိစ္စသမုပ္ပါဒ်[ပြင်ဆင်ရန်]

သံသရာဝဋ်ဆင်းရဲဒုက္ခကို ကုန်ခန်းစေလိုသော အသင်ယောဂီ သူတော်ကောင်းသည် အရိယသစ္စာ လေးပါးလုံးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည်ဖြစ်ရာ ထိုသစ္စာလေးပါးတို့တွင် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတည်းဟူသော သမုဒယသစ္စာ သည်လည်း ပါဝင်လျက်ရှိနေသည်ကိုကား မမေ့သင့်ပေ။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၁၇၄-၈။ အံ၊မြန်၊၁၊၁၉၂-၇။ အံ၊ဋ္ဌ၊၂၊၁၅၅-၁၆၄။ အံ၊ဋီ၊၂၊၁၄၂-၉။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၇) ၂-မဟာဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. (အံ၊၁၊၁၇၈။)
  4. ၄.၀ ၄.၁ နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ - ဖားအောက်တောရဆရာတော်