ကဋုဝိယသုတ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] ဘုရားရှင် ဗာရာဏသီမြို့တော်အနီး ဣသိပတနတော၌ သီတင်းသုံးတော်မူသောအခါ နွားကုန်ကူးရာ ညောင်ကြပ်ပင်၏အနီး၌ ဆွမ်းခံကြွတော်မူစဉ် သမဏဓမ္မ မမှီ သမ္ပဇဉ်, သမာဓိပျက်စီး၍ သတိလက်လွတ် ပေါ့ပေါ့ ဆဆနေသော ရဟန်းတစ်ပါးကို “ရဟန်း ... သင်သည် မိမိကိုယ်ကို စားကြွင်း (အံဖတ်)ကဲ့သို့ မပြုလင့်၊ စားကြွင်း (အံဖတ်)ကဲ့သို့ ပြုသည်ဖြစ်၍ သားစိမ်းနံ့တို့ဖြင့် စွတ်စိုမှီဟောင်နေသော သင့်ကို ယင်ကောင်တို့ မကျမရောက် မနှိပ်စက်နိုင်သော အကြောင်းမရှိချေ”ဟု ဆုံးမတော်မူသောအခါ ထိုရဟန်း ထိတ်လန့်မှု (သံဝေဂ)ဖြစ်သွားသည်၊ ထိုအကြောင်းကို ဆွမ်းခံအပြန်၌ ရဟန်းတို့အား မိန့်တော်မူရာ အညတရ ရဟန်းလျှောက်ထားသဖြင့် စားကြွင်း (အံဖတ်)ဟူသည် “အဘိဇ္ဈာ၊ စိမ်းစိုညှိဟောင်သောအနံ့ဟူသည် “ဗျာပါဒ၊ ယင်ကောင်ဟူသည် “အကုသိုလ်ဝိတက်” ဤတရားတို့သည် သတိလက်လွတ် ပညာချွတ်ယွင်း သမာဓိကင်းနေသော ရဟန်းကို နှိပ်စက်နိုင်ကြောင်း၊ သီလရှိ ပညာဖြင့် ကိလေသာ တို့ငြိမ်းအေးရာနိဗ္ဗာန်၌ မွေ့လျော်သောရဟန်းသည် အကုသိုလ်ဝိတက်တို့ မလိုက်တော့ပဲ ကိလေသာအပူငြိမ်းလျက် ချမ်းသာစွာနေရ၏-ဟု အကျယ် ဟောတော်မူသည့်သုတ်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -အံ၊၁၊၂၈၃-၄။ အံ၊မြန်၊၁၊၃၀၁-၂။ အံ၊ဋ္ဌ၊၂၊၂၄၀။ အံ၊ဋီ၊၂၊၂၁၄။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၃)၃-ကုသိနာရဝဂ္ဂ၊ ဆဋ္ဌသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ