ဒေဝဒတ္တသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ္တ သံဃာသင်းခွဲ၍ ထွက်သွားပြီး မကြာမီ သဟမ္ပတိဗြဟ္မာ ရောက်လာပြီး “ဖလံ ဝေ ကဒလိံ ဟန္တိ” အစရှိသော ဂါထာဖြင့် လျှောက်ထားသည်ကို ပြဆိုသည့်သုတ်။


[၂] ဒေဝဒတ္တ၏ သံဃာသင်းခွဲထွက်သွား၍ မကြာမီ “ဒေဝဒတ္တ၏ လာဘ, သက္ကာရ သိလောကသည် မိမိကိုသတ်ခြင်းငှာ ပျက်စီးခြင်းငှာ ဖြစ်ပေါ်လာပြီဟု ငှက်ပျော်သီး၊ ဝါးသီး, ကျူသီး, အဿတိုရ်မြည်းမ၏ ကိုယ်ဝန်ဥပမာဖြင့် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ ရဟန်းတော်တို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃] သူယုတ်မာတို့၏ တရားသုံးပါးတို့ လွှမ်းမိုးနှိပ်စက်အပ်သော ကုသိုလ်စိတ်ကုန် သွားသော ဒေဝဒတ္တသည် အပါယ်ငရဲ၌ တစ်ကမ္ဘာပတ်လုံးတည်သူ ကုစား၍မရ အပ်သူဖြစ်ကြောင်း, မာဇာတု-အစရှိသော ဒေသနာတော်ကို ဘုရားရှင် ဟောတော်မူကြောင်း ခုဇ္ဇုတ္တရာက သာမာဝတီ အမှူးရှိသော မိဖုရားတို့အား ဟောကြားသည့်သုတ်။

အဋ္ဌကထာ၌ ဤသုတ်တော်ဖြစ်ပေါ်လာပုံနှင့် မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. သံ၊၁၊၁၅၅-၆။ သံ၊မြန်၊၁၊၁၄၇။ သံ၊ဋ္ဌ၊၁၊၂၄၈-၉။ သံ၊ဋီ၊၁၊၂၀၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၆-ဗြဟ္မသံယုတ္တ၊ ဒုတိယဝဂ္ဂ၊ ဒုတိယသုတ်။
  2. -အံ၊၁၊၃၈၅။ အံ၊မြန်၊၁၊၃၉၉-၄၀၀။ အံ၊ဋ္ဌ၊၂၊၃၁၆။ အံ၊ဋီ၊၂၊၃၁၂။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၇) ၂-ပတ္တကမ္မဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. -ဣတိဝုတ်၊၂၅၃-၄။ ဣတိဝုတ်၊မြန်၊၂၃၈-၉။ ဣတိဝုတ်၊ဋ္ဌ၊၂၆၅-၇။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ တိကနိပါတ၊ စတုတ္ထဝဂ္ဂ၊ ဒသမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ