ဒန္တကဋ္ဌသုတ်

ဝီကီပီးဒီးယား မှ

[၁] ဒန်ပူစားခြင်း၏ အကျိုးငါးပါးနှင့် ဒန်ပူမစားခြင်း၏ အပြစ်ငါးပါးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင်, ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ [၂]


ဒန္တကဋ္ဌသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တံပူမစားခြင်း၏ အပြစ်ငါးမျိုးနှင့် တံပူစားခြင်း၏ အာနိသင်ငါးမျိုးကို ဟောကြားတော်မူခဲ့သည်။[၃]

ဒန္တကဋ္ဌသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ တံပူမစားခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်း ဟူမူ -

  • မျက်စိ မကြည်လင်။
  • ခံတွင်း အနံ့ မကောင်း။
  • အရသာကို ဆောင်တတ်သော အကြောတို့ မစင်ကြယ်ကုန်။
  • သည်းခြေ သလိပ်သည် အစာကို မြှေးယှက်ကုန်၏။
  • ထို (တံပူမစား) သူအား ထမင်းမမြိန်။ [၃]

ရဟန်းတို့ တံပူမစားခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။[၃]

ရဟန်းတို့ တံပူစားခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ - [၃]

  • မျက်စိ ကြည်လင်၏။
  • ခံတွင်း အနံ့ ကောင်း၏။
  • အရသာကို ဆောင်တတ်သော အကြောတို့ စင်ကြယ်ကုန်၏။
  • သည်းခြေ သလိပ်သည် အစာကို မမြှေးယှက်။
  • ထို (တံပူစား) သူအား ထမင်းမြိန်၏။ [၃]

ရဟန်းတို့ တံပူစားခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၁၉။ အံ၊မြန်၊၂၊၂၇၅။ အံ၊ဋ္ဌ၊၃၊၇၈။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၁) ၁-ကိမိလဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၁) ၁- ကိမိလဝဂ် ၈ - ဒန္တကဋ္ဌသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၇၅။