အန္ဓကဝိန္ဒသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် မဂဓနိုင်ငံ အန္ဓကဝိန္ဒရွာ၌ သီတင်းသုံးတော်မူစဉ် အလွန်မှောင်မိုက်ရာ ညဉ့်အခါ၌ သဟမ္ပတိဗြဟ္မာကြီး ရောက်လာပြီး ရဟန်းတော်များ တောကျောင်းများ၌ သီတင်းသုံးတော်မူသင့်ပုံ၊ ရဟန်းတော်များ၌ ရှိသင့်သော အရည်အချင်း, အရည် အချင်းပြည့်ဝသဖြင့် သေခြင်းသဘောကို လွန်မြောက်တော်မူကြပုံတို့ကို မိမိကိုယ်တိုင် တွေ့မြင်ရကြောင်း အစရှိသည်တို့ကို (၆) ဂါထာတို့ဖြင့် ဘုရားရှင်အား လျှောက်ထားသည့်သုတ်။


[၂] ဘုရားရှင်သည် မဂဓနိုင်ငံ အန္ဓကဝိန္ဒရွာ၌ အရှင်အာနန္ဒာအား “ရဟန်းသစ်ကို သီလဖြည့်ကျင့်မှု၊ စကားပြောနည်းပါးမှု၊ တောကျောင်းနေမှု၊ အယူအမြင်မှန်ကန်မှုဟူသော တရားငါးပါးနှင့် ပြည့်စုံစေရန် ဆောက်တည်စေအပ်, တိုက်တွန်းအပ်, တည်စေရမည်ဟု မိန့်တော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၅၆။ သံ၊မြန်၊၁၊၁၄၇-၈။ သံ၊ဋ္ဌ၊၁၊၂၀၂-၃။ သံ၊ဋီ၊၁၊၂၄၉-၂၅၀။ ။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၆-ဗြဟ္မသံယုတ္တ၊ ၂-ဒုတိယဝဂ္ဂ၊ တတိယသုတ်။
  2. -အံ၊၂၊၁၂၁။ အံ၊မြန်၊၂၊၁၄၉-၁၅၀။ အံ၊ဋ္ဌ၊၃၊၄၅။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၂)၂-အန္ဓကဝိန္ဒဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ