ဂါဝီဥပမာသုတ်

ဝီကီပီးဒီးယား မှ

[၁] တောင်ပေါ်၌ လှည့်လည်ကျက်စားသွားလာသော မညီမညွတ်သော တောင် ပေါ်၌ လှည့်လည်ကျက်စား သွားလာခြင်းငှါ ဗာလ, အဗျတ္တ, အခေတ္တညူ, အကုသလ ဖြစ်သောနွားမသည် ပျက်စီးသကဲ့သို့၊ ဤအတူပင် သမာဓိ၏ဘေးရန်တို့ကို သုဓ်သင် ခြင်း၌ အထူးသိတတ်သော ဉာဏ်ပညာမရှိသော, အထက်ဈာန်၏ နီးစွာသော အကြောင်းဖြစ်ခြင်းကို ထိုးထွင်းသိမြင်တတ်သော ဉာဏ်ပညာမရှိသော, အခါခပ်သိမ်း သမာပတ်၌ ကျွမ်းကျင်လိမ္မာခြင်းမရှိသောရဟန်းသည် ပထမဈာန်နှင့် ဒုတိယဈာန်တို့ကို ရရှိသော်လည်း ယင်းဈာန်တို့ကို အဖန်ဖန်မှီဝဲခြင်း၊ ပွားများခြင်း၊ ကြိမ်ဖန်များစွာ လေ့လာခြင်းမပြု၊ စွဲမြဲစွာ တည်တံ့အောင် အားမထုတ်ပါမူ ထိုဈာန်နှစ်ပါးမှ ဆုတ်ယုတ် ပျက်စီးသွားနိုင်၏။

တောင်ပေါ်၌ လှည့်လည်ကျက်စားနေသော ပဏ္ဍိတ, ဗျတ္တ, ခေတ္တညူ, ဝိသမဝိစရိတု ကုသလဖြစ်သော နွားမကဲ့သို့။ ထို့အတူပင် ပဏ္ဍိတ, ဗျတ္တ, ခေတ္တညူ, ဝိသမ ဝိစရိတု ကုသလဖြစ်သောရဟန်းသည် မိမိ ရရှိပြီးသောဈာန်သမာပတ်တို့ကို အဖန်ဖန် ပွားများခြင်း၊ ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်း၊ စွဲမြဲစွာ တည်တံ့အောင် အဓိဋ္ဌာန်ခြင်းကြောင့် သမာပတ် ၈-ပါး၊ အဘိညာဉ် (၆)ပါးတို့ကို ရရှိပြီး အကြောင်းရှိ လတ်သော် ထိုထိုဈာန်သမာပတ် အဘိညာဉ်အရာ၌ သက်သေထိုက်သည်၏အဖြစ်သို့ ရောက်၏-ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၂၁၆-၉။ အံ၊မြန်၊၃၊၂၁၆-၂၂၀။ အံ၊ဋ္ဌ၊၃၊၂၇၇။ အံ၊ဋီ၊၃၊၂၉၇။ , အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-မဟာဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ