သမဏသုတ်

ဝီကီပီးဒီးယား မှ

သမဏသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားခုနစ်မျိုးတို့ ငြိမ်းသည်၏ အဖြစ်ကြောင့် သမဏမည်ပုံကို ဟောကြားတော်မူခဲ့သည်။[၁]

ဘိက္ခုသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ တရားခုနစ်မျိုးတို့ ငြိမ်းသည်၏ အဖြစ်ကြောင့် သမဏ မည်၏။ အဘယ်ခုနစ်မျိုးနည်း ဟူမူ -[၁]

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ သည် ငြိမ်းပြီး ဖြစ်၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည် ငြိမ်းပြီး ဖြစ်၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” သည် ငြိမ်းပြီး ဖြစ်၏။
  • စွဲမက်မှု ‘ရာဂ’ သည် ငြိမ်းပြီး ဖြစ်၏။
  • အမျက်ထွက်မှု ‘ဒေါသ’ သည် ငြိမ်းပြီး ဖြစ်၏။
  • တွေဝေမှု ‘မောဟ’ သည် ငြိမ်းပြီး ဖြစ်၏။
  • ထောင်လွှာမှု ‘မာန’ သည် ငြိမ်းပြီး ဖြစ်၏။[၁]

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့ ငြိမ်သည်၏ အဖြစ်ကြောင့် သမဏမည်၏ ဟု(မိန့်တော်မူ၏)။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ သတ္တကနိပါတ် မာတိကာ၊ ပဏ္ဏာသ - သုတ်ငါးဆယ်၊ ၉-သမဏဝဂ်၊ ၂-သမဏသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။