မနောဒုစ္စရိတသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ၁-မိမိကိုယ်ကို မိမိစွပ်စွဲခြင်း၊ ၂-ပညာရှိတို့က(ဉာဏ်ဖြင့်)စိစစ်၍ ကဲ့ရဲ့ခြင်း၊ ၃-မကောင်းသော ကျော်စောသံ ပျံ့နှံ့ခြင်း၊ ၄-တွေဝေလျက်သေရခြင်း၊ ၅-ခန္ဓာကိုယ်ပျက်စီး၍ သေပြီးနောက် အပါယ်ဒုဂ္ဂတိဝိနိပါတငရဲ၌ဖြစ်ရခြင်း-ဟူသော မနောဒုစရိုက်ရှိသူ၏ အပြစ်ငါးမျိုးတို့ကိုလည်းကောင်း။

၁-မိမိကိုယ်ကိုမိမိ မစွပ်စွဲခြင်း၊ ၂-ပညာရှိတို့က ဉာဏ်ဖြင့်စိစစ်၍ ချီးမွမ်းခြင်း၊ ၃-ကောင်းသောကျော်စောသံ ပျံ့နှံ့ထွက်ပေါ်ခြင်း၊ ၄-မတွေမဝေသေရခြင်း၊ ၅-ခန္ဓာကိုယ်ပျက်စီး၍ ကွယ်လွန်ပြီး နတ်ပြည်သို့ရောက်ရခြင်း-ဟူသော မနော သုစရိုက်ရှိသူ၏ အကျိုးငါးပါးကိုလည်းကောင်း ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ၁-မိမိကိုယ်တိုင် မိမိကိုယ်ကိုစွပ်စွဲခြင်း၊ ၂-ပညာရှိတို့က(ဉာဏ်ဖြင့်)စိစစ်၍ ကဲ့ရဲ့ခြင်း၊ ၃-မကောင်းသော ကျော်စောသံ ပျံ့နှံ့ထွက်ခြင်း၊ ၄-မသူတော်တရား၌တည်ခြင်း၊ ၅-သူတော်ကောင်းတရားမှကင်းခြင်း-ဟူသော မနောဒုစရိုက်ရှိသောပုဂ္ဂိုလ်၏ အပြစ်ငါးပါး။

၁-မိမိကိုယ်တိုင် မိမိကိုယ်ကို မစွပ်စွဲခြင်း၊ ၂-ပညာရှိတို့(ဉာဏ်ဖြင့်)စိစစ်၍ ချီးမွမ်းခြင်း၊ ၃-ကောင်းသောကျော်စောသံ ပျံ့နှံ့ထွက်ခြင်း၊ ၄-မသူတော်တရားမှ ကင်းခြင်း၊ ၅-သူတော်ကောင်းတရား၌တည်ခြင်း-ဟူသော မနောသုစရိုက်ရှိသော ပုဂ္ဂိုလ်၏ အကျိုးအာနိသင်ငါးပါးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၃၄။ အံ၊မြန်၊၂၊၂၉၈။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၅-ပဉ္စမပဏ္ဏာသက၊ (၂၅) ၅-ဒုစ္စရိတဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၂၊၂၃၅။ အံ၊မြန်၊၂၊၃၀၀။ အင်္ဂုတ္တရနိကာယ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ