ခတ္တိယသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အခြေနှစ်ချောင်းရှိသူတို့တွင် “မင်း”၊ အခြေလေးချောင်းရှိ သတ္တဝါတို့တွင် “နွားလား ဥသဘ”၊ မယားတို့တွင် အပျိုစင်ဘဝက ယူထားသောမယား၊ သားတို့တွင် “သားကြီး” ဤလေးမျိုးတို့သည် အမြတ်ဆုံးဖြစ်ပါသည်-ဟု လျှောက်ထားလာသော အညတရနတ်သားအား ဘုရားရှင်က “အခြေနှစ်ချောင်းရှိသူတို့တွင် “ဘုရားရှင်၊ အခြေလေးချောင်းရှိ သုတ္တဝါတို့တွင် “အာဇာနည်သတ္တဝါ”၊ ဇနီးမယားတို့တွင် လင်၏ စကားကို ရိုသေစွာလိုက်နာသမှုပြုသော မယား၊ သားတို့တွင် မိဖတို့စကားကို လိုက်နာ သောသား-ဤလေးမျိုးသည် အမြင့်မြတ်ဆုံးဖြစ်သည်-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-ရှင်းလင်းဖွင့်ပြချက်များ ရှိပါသည်။


[၂] ဇာဏုဿောဏိပုဏ္ဏား မေးလျှောက်သည့် (၁) မင်း၊ (၂) ပုဏ္ဏား (ဗြာဟ္မဏ)၊ (၃) ဂဟပတိ၊ (၄) ဣတ္ထီ၊ (၅) စောရ၊ (၆) သမဏတို့၏ အဓိပ္ပါယ, ဥပဝိစာရ, အဓိဋ္ဌာန, အဘိနိဝေသ, ပရိယောသာန-တို့ကို ဝေဖန်၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ယင်းပုဂ္ဂိုလ်တို့၏ အဖွင့်နှင့် ထောက်ရာ တည်ရာရသူ ပုဂ္ဂိုလ် ၅-မျိုးကို ဖွင့်ပြထားပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၇။ သံ၊မြန်၊၁၊၆။ သံ၊ဋ္ဌ၊၁၊၃၂။ သံ၊ဋီ၊၁၊၇၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၂-နန္ဒနဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၂၊၃၁၈-၉။ အံ၊မြန်၊၂၊၄၀၇-၉။ အံ၊ဋ္ဌ၊၃၊၁၁၉-၁၂၀။ အံ၊ဋီ၊၃၊၁၁၇။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၅-ဓမ္မိကဝဂ္ဂ၊ ဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ