နိရယသဂ္ဂသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒုစရိုက်ဆယ်ပါးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ကွယ်လွန်သည့်အခါ ငရဲ၌ဖြစ်ရမည်၊ သုစရိုက်ဆယ်ပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ကွယ်လွန်သည်အခါ နတ်ပြည်၌ ဖြစ်ရမည်ဟု ဒုစရိုက်, သုစရိုက်တို့၏ သဘာဝအကျယ်ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဒုတိယသုတ်။ အထက်သုတ်တော်အတိုင်း ဒုစရိုက်ဆယ်ပါး, သုစရိုက်ဆယ်ပါးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့ ကွယ်လွန်သည့်အခါ ရောက်ရှိမည့်ဘဝအသီးသီးကို ရဟန်းတော်တို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၄၉၀-၂။ အံ၊မြန်၊၃၊၄၈၀-၂။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ (၂၁) ၁-ကရကာယဝဂ္ဂ၊ ပဌမသုတ်။
  2. -အံ၊၃၊၄၉၂-၃။ အံ၊မြန်၊၃၊၄၈၂-၃။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ (၂၁) ၁-ကရကာယဝဂ္ဂ၊
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ