အဘိဇ္ဈာလုသုတ်

ဝီကီပီးဒီးယား မှ

[၁] မိမိကိုယ်တိုင်လည်း အဘိဇ္ဈာများခြင်း၊ သူတပါးကိုလည်း မက်မောမှုအဘိဇ္ဈာ၌ ဆောက်တည်စေခြင်း, အဘိဇ္ဈာ၌ နှစ်သက်သဘောတူခြင်း, အဘိဇ္ဈာ၏ဂုဏ်ကျေးဇူးကို ချီးကျူးပြောခြင်း-ဤတရားလေးပါးနှင့် ပြည့်စုံသူသည် ငရဲ၌ဖြစ်ရ၏။

မိမိကိုယ်တိုင် အဘိဇ္ဈာမများခြင်း, သူတပါးကိုလည်း အဘိဇ္ဈာ၌ မဆောက်တည်စေခြင်း, အဘိဇ္ဈာ၌ နှစ်သက်သဘောတူသူ မဟုတ်ခြင်း, အဘိဇ္ဈာ၏ဂုဏ်ကျေးဇူးကို မပြောဆိုခြင်း-ဤတရားလေးပါးနှင့် ပြည့်စုံသူသည် နတ်ပြည်၌ ဖြစ်ရ၏ဟု ကဏှပက္ခ, သုက္ကပက္ခခွဲ၍ ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၅၇၈။ အံ၊မြန်၊၁၊၅၉၂။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ (၂၇)၇-ကမ္မပထဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ