အနဝသေသာပတ္တိသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အနဝသေသအာပတ်ကို သာဝသေသအာပတ်ဟု ပြ (ပြောဟော, ရေးသား သင်ကြား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများအစီးအပွားမဲ့ရန် ချမ်းသာ မဲ့ရန် အကျိုးစီးပွားမဲ့ရန် နတ်, လူတို့ ဆင်းရဲရန် ကျင့်သုံးကြကုန်၏။ သည်သာ မကသေး ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း တိုးပွားစေကြကုန်၏။ သဒ္ဓမ္မ သုံးဖြာ ဤသာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်း ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] အနဝသေသအာပတ်ကို အနဝသေသအာပတ်ဟု ပြ (ပြောဟော, ရေးသား, သင်ကြား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများတို့ ကြီးပွား ချမ်းသာရန် နတ်, လူတို့ ချမ်းသာစေရန် ပြုကျင့်ကြသူတို့ ဖြစ်ကုန်၏။ ကုသိုလ်တရားကို တိုးပွား စေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည်လေးမြင့် တည်တံ့ စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၂၀။ အံ၊မြန်၊၁၊၂၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၂-အနာပတ္တိဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -အံ၊၁၊၂၁။ အံ၊မြန်၊၁၊၂၇။ -အင်္ဂုတ္တရနိကာယ၊ ... ၊ အဋ္ဌာရသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ