မေဃိယသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ စာလိကာမြို့အနီး စာလိကာတောင်၌ သီတင်းသုံးတော်မူစဉ်-အရှင်မေဃိယ ဇန္တရွာ၌ဆွမ်းခံ ဆွမ်းဘုဉ်းပေးပြီး စာလိကာတောင်သို့ ပြန်လာ၍ ကိမိကာဠမြစ်ကမ်း၌ လမ်းလျှောက်လာစဉ် သရက်တောကိုတွေ့မြင်၍ ပဓာနအလုပ်ကို အားထုတ်လိုသဖြင့် ဘုရားရှင်အား ခွင့်ပန်လျှောက်ထားရာ ဘုရားရှင်က တားမြစ်သော်လည်း ယင်းသရက်တောသို့သွားရောက်၍ ပဓာနလုပ်ငန်းကို အားထုတ်လေသည်။ မိစ္ဆာဝိတက်သုံးပါး နှိပ်စက်မှုကိုခံရသဖြင့် ဘုရားရှင်ထံပြန်လာ၍ အကြောင်းစုံ လျှောက်ထားလေရာ အပရိပက္ကစေတောဝိမုတ္တိ ရင့်ကျက်စေနိုင်သော တရားငါးပါးနှင့် ကလျာဏမိတ္တ၏ အကျိုးလေးမျိုး၊ ပွားများရမည့်ဘာဝနာလေးမျိုးတို့ကို အရှင်မေဃိယအား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။


[၂] အထက်သုတ်ဒေသနာတော်နှင့် လုံးဝ တူပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၁၆၆-၉။ အံ၊မြန်၊၃၊၁၆၈-၁၇၁။ အံ၊ဋ္ဌ၊၃၊၂၅၈-၉။ အံ၊ဋီ၊၃၊၂၆၇-၂၈၃။ -အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ ၁-ပဌမပဏ္ဏာသက၊ ၁-သမ္ဗောဓိဝဂ္ဂ၊ တတိယသုတ်။
  2. -ဥဒါန၊၁၁၆-၁၂၁။ ဥဒါန၊မြန်၊၁၀၅-၉။ ဥဒါန၊ဋ္ဌ၊၁၉၆-၂၁၆။ -ခုဒ္ဒကနိကာယ၊ ဥဒါန၊ ၁-မေဃိယဝဂ္ဂ၊ ပဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ