ဘိက္ခုနီသုတ်

ဝီကီပီးဒီးယား မှ

[၁] အရှင်အာနန္ဒာ ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အညတရ ပုရိသ၏ ပင့်လျှောက်ချက်အရ ဘိက္ခုနီကျောင်းသို့ ကြွတော်မူပြီး ဂိလာနဟန်ဆောင် ဘိက္ခုနီအား အာဟာရသမ္ဘူတကာယ၌ “အာဟာရ” တဏှာသမျှ တကာယ၌ “တဏှာ၊ မာနသမျှတကာယ၌ “မာန”တို့ကို ပယ်ဖျောက်ပုံ၊ မေထုနသမ္ဘူတကာယ၌ မေထုနကို အကြွင်းမဲ့ပယ်ဖျောက်ရန် ဘုရားရှင် ဟောတော်မူပုံကို အကျယ်ဟောပြတော်မူရာ အရှင်အာနန္ဒာထေရ် ကိုအကြောင်းပြု၍ဖြစ်နေသော ဆန္ဒ ရာဂ ကင်းပျောက်သွားသဖြင့် ဘိက္ခုနီက အပြစ်ကိုဝန်ချတောင်းပန်ပုံ၊ အရှင်အာနန္ဒာက ခံယူပုံ၊ အရိယဝိနယ၌ အပြစ်ကို အပြစ်အားလျော်စွာသိမြင်၍ အပြစ်အားလျော်စွာ ကုစားခြင်း၊ နောင်အခါ မဖြစ်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ကြီးပွား တိုးတက်နိုင်ပုံကို အရှင်အာနန္ဒာ မိန့်ကြားတော်မူကြောင်းကို ပြဆိုသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၄၆၂-၄။ အံ၊မြန်၊၁၊၄၅-၇။ အံ၊ဋ္ဌ၊၂၊၃၄၁-၂။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၄-စတုတ္ထပဏ္ဏာသက၊ (၁၆) ၁-ဣန္ဒြိယဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ