ဒုပ္ပညသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဗောဇ္ဈင်(၇)ပါးတို့ကို မပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာ မပြုအပ်သောပုဂ္ဂိုလ်ကို ဒုပ္ပည, ဧဠမူဂဟု ခေါ်ဆိုအပ်ပုံကို အညတရ ရဟန်းအား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] အဿဒ္ဓ, ဒုဿီလ, ကုသီတ, ဒုပ္ပည-ဟူသော ဓမ္မလေးမျိုးတို့နှင့် ပြည့်စုံသော ဗာလ, အဗျတ္တဖြစ်သော သူယုတ်မာသည် မိမိ၏ ကုသိုလ်မူလကို တူးဖြိုဖျက်ဆီး၍ မိမိကိုယ်ကိုဆောင်သူ အပြစ်ရှိသူ ပညာရှိတို့ကဲ့ရဲ့အပ်သူ, အကုသိုလ်များစွာ တိုးပွား စေသူဖြစ်ပုံနှင့် သဒ္ဓါ, သီလဝန္တ အာရဒ္ဓဝီရိယ, ပညာဝန္တ-ဟူသော ဓမ္မလေးမျိုးတို့နှင့် ပြည့်စုံသော ပဏ္ဍိတ၊ ဗျတ္တဖြစ်သော သူတော်ကောင်းသည် မိမိ၏ ကုသိုလ်မူလကို မတူးဖြို မဖျက်ဆီးပဲ မိမိကိုယ်ကိုဆောင်သူ, အပြစ်ကင်းသူ, ပညာရှိတို့ မကဲ့ရဲ့အပ်သူ, ကုသိုလ်ကောင်းမှုများစွာ ပွားများနေသူဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၈၈။ သံ၊မြန်၊၃၊၉၃။ သံ၊ဋီ၊၂၊၄၃၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောာ်သံယုတ္တ၊ ၅-စက္ကဝတ္တိဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၁၊၅၅၂။ အံ၊မြန်၊၁၊၅၆၈။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၃) ၃-ဒုစ္စရိတဝဂ္ဂ၊ ဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ