မာတိကာသို့ ခုန်သွားရန်

ပဋိစ္ဆန္တကမ္မန္တသုတ်

ဝီကီပီးဒီးယား မှ

ဆောင်၍သိအပ်သော အနက်ရှိသော နေယျတ္ထသုတ်ကို တိုက်ရိုက်သိအပ်သော အနက်ရှိသော နီတတ္ထသုတ်ဟုပြသူ၊ နီတတ္ထသုတ်ကို နေယျတ္ထသုတ်ဟုပြသူ ၂-မျိုးတို့သည်လည်း စွပ်စွဲတတ်သူများဖြစ်၍ နေယျတ္ထကို နေယျတ္ထ၊ နီတတ္ထကို နီတတ္ထ ဟု ပြသူ ၂-မျိုးမှာ မစွပ်စွဲတတ်သူများဖြစ်သည်။

နီတတ္ထ နေယျတ္ထ၌မှတ်ဖွယ်

[ပြင်ဆင်ရန်]

“ချစ်သားတို့၊ ၄-ယောက်ကုန်သော ဤပုဂ္ဂိုလ်တို့ သည်”-စသော သုတ္တန်များကား နေယျတ္ထမည်သည်။ မှန်၏၊ ပုဂ္ဂိုလ် ၄-ယောက်ဟု ဘုရားရှင်မိန့်သော်လည်း ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်မည်သည် မရှိရကား ဆောင်သိအပ်သော အနက်ရှိသော နေယျတ္ထသုတ်မည်သည်၊ ဤလူမိုက်ကား နီတတ္ထဟုပြသည်။

လူမိုက်ယူဆပုံမှာ

[ပြင်ဆင်ရန်]

ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်မရှိလျှင် “ပုဂ္ဂိုလ် ၄-ယောက်”စသော စကား ဘုရားမဟောရာ၊ ယခုကား ဟောထားသောကြောင့် ပရမတ္ထအားဖြင့် ပုဂ္ဂိုလ် ရှိသည်ဟု ယူသည်။

နီတတ္ထဟူသည်

[ပြင်ဆင်ရန်]

အနိစ္စ ဒုက္ခဟု ဟောရာ၌ အနိစ္စသာ ဒုက္ခသာဟု တိုက်ရိုက်နက် မှတ်ရမည်၊ လူမိုက်ကား နေယျတ္ထဟု ကြံကာ နိစ္စမည်သည် ရှိသေးသည်၊ သုခမည်သည် ရှိသေးသည်ဟု ယူသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ