ဥက္ခိတ္တာသိကသုတ်

ဝီကီပီးဒီးယား မှ

[၁] ၁။ သန်လျက်မြှောက်ချီထားသော သူသတ်ယောက်ျား၌ ငြီးငွေ့ စိတ်ပျက်သကဲသို့ သင်္ခါရအားလုံးတို့၌ နိဗ္ဗိဒသညာ အနီးကပ်တည်ရှိလာလိမ့်မည်၊

၂။အလုံးစုံသောလောကမှလည်း ငါ၏စိတ်သည် ထမြောက်လာလိမ့်မည်။

၃။ နိဗ္ဗာန်၌လည်း ငြိမ်းအေးမှုကို သိမြင်ရပေလိမ့်မည်၊

၄။ငါ၏သန္တာန်၌ ကိန်းအောင်းနေသော အနုသယ, ကိလေသာတို့ကို အကြွင်းမဲ့ ပယ်ခွါခြင်းသို့ ရောက်ကုန်လိမ့်မည်၊

၅။ရဟန်းကိစ္စကို အားထုတ်သမှုပြုသူ၏အဖြစ်သို့လည်း ရောက်လိမ့်လတ္တံ့၊

၆။ မေတ္တာဘာဝနာ ပွားများခြင်းကြောင့် ဘုရားရှင်ကို ပြုစုလုပ်ကျွေးရာရောက်ပေလိမ့်မည်-ဟူသော အကျိုးအာနိသင် ၆-ပါးတို့ကို ကောင်းစွာ မြော်မြင်သိမြင်သောရဟန်းတော်သည် အလုံးစုံသောသင်္ခါရတရားတို့၌ အပိုင်းအခြားကို မပြုမူ၍ ဒုက္ခသညာကိုဖြစ်စေရန်သင့်သည်သာတည်း-ဟု ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၃၈၆။ အံ၊မြန်၊၂၊၄၈၇။ အံ၊ဋ္ဌ၊၃၊၁၄၁။ အံ၊ဋီ၊၃၊၁၄၇။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၁၀-အာနိသံသဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ