ဒသကမ္မသုတ်

ဝီကီပီးဒီးယား မှ

[၁] ၁။ ဒုစရိုက်တရား(၁၀)ပါးကိုပြုလုပ် ပြောဆို ကြံစည်နေသူသည် “အသပ္ပုရိသ”၊

၂။ဒုစရိုက်တရား(၁၀)ပါးကို ကိုယ်တိုင်ပြုလုပ်ပြောဆို ကြံစည်နေရုံမျှမက သူတစ်ပါးတို့အား ထိုဒုစရိုက်တရားတို့ကို ပြုလုပ်ပြောဆိုကြံစည်ရန် စည်းရုံး ဆောက်တည် စေသူသည် “အသပ္ပုရိသတရ၊

၃။သုစရိုက်တရား(၁၀)ပါးကို ပြုလုပ်ပြောဆိုကြံစည်နေသူသည် “သပ္ပုရိသ”၊

၄။ယင်းတို့ကို သူတစ်ပါးတို့ကိုလည်း ပြောဆိုပြုလုပ်ကြံစည်ရေးအတွက် စည်းရုံးဆောက်တည်နေသူသည် “သပ္ပုရိသတရ” ဖြစ်ပုံ စတုက္ကကို ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်၊ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၅၄၂-၃။ အံ၊မြန်၊၁၊၅၅၈။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၁)၁-သပ္ပုရိသဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ