ပဉှပုစ္ဆာသုတ်

ဝီကီပီးဒီးယား မှ

[၁] ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ အရှင်သာရိပုတ္တရာထေရ် သီတင်းသုံးတော်မူစဉ် ပြဿနာမေးမြန်းသောသူ၏ ပြဿနာမေးခြင်း အကြောင်းငါးပါးနှင့် မိမိကိုယ်တိုင် ပြဿနာမေးမြန်းခြင်းသည် ပဉ္စမမြောက် အကြောင်း ဖြစ်ပုံကို အရှင်သာရိပုတ္တရာက ရဟန်းတို့အား ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက် အနည်းငယ်ရှိပါသည်။ [၂]


ပဉှပုစ္ဆာသုတ် သည် အသျှင်သာရိပုတ္တရာ ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ [၃]

ပဉှပုစ္ဆာသုတ်[ပြင်ဆင်ရန်]

ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ပ။

ငါ့သျှင်တို့ သူတစ်ပါးအား ပြဿနာမေးသူဟူသမျှ အားလုံးသည် အကြောင်းငါးမျိုးတို့ဖြင့်သော်လည်းကောင်း၊ ထိုအကြောင်းငါးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့်သော်လည်းကောင်း မေး၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ပညာနုံ့သည်၏ အဖြစ် အလွန်တွေဝေသည်၏ အဖြစ်ကြောင့် သူတစ်ပါးအား ပြဿနာမေး၏။

ယုတ်ညံ့သော အလိုရှိသဖြင့် အလိုဆိုးနှိပ်စက်အပ်သည်ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

နှိပ်စက်လိုသည်ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

သိလိုသည်ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

ထို့ပြင် အကယ်၍ ပြဿနာကို ငါ မေးသည်ရှိသော် ကောင်းစွာ ဖြေဆိုနိုင်ပါမူ ကောင်း၏၊ ကောင်းစွာမဖြေဆိုနိုင်ပါမူ ငါသည်ပင် ထိုသူအား ကောင်းစွာ ဖြေကြားမည်ဟု ဤသို့ စိတ်ရှိသည်ဖြစ်၍သူတစ်ပါးအား ပြဿနာမေး၏။

ငါ့သျှင်တို့ သူတစ်ပါးအား ပြဿနာမေးသူဟူသမျှအားလုံးသည် ဤအကြောင်းငါးမျိုးတို့ဖြင့်သော်လည်းကောင်း၊ ထိုအကြောင်းငါးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့်သော်လည်းကောင်း သူတစ်ပါးအား ပြဿနာမေး၏။

ငါ့သျှင်တို့ ငါသည်မူကား အကယ်၍ ပြဿနာကို ငါမေးသည်ရှိသော် ကောင်းစွာ ဖြေဆိုနိုင်ပါမူကောင်း၏၊ ကောင်းစွာ မဖြေဆိုနိုင်ပါမူ ငါသည်ပင် ထိုသူအား ကောင်းစွာ ဖြေကြားမည်ဟု ဤသို့စိတ်ရှိသည်ဖြစ်၍ သာလျှင် သူတစ်ပါးအား ပြဿနာကို မေး၏ဟု (မိန့်ဆို၏)။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၁၆၈။ အံ၊မြန်၊၂၊၂၁၄။ အံ၊ဋ္ဌ၊၃၊၅၈။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၄-စတုတ္ထပဏ္ဏာသက၊ (၁) ၂-အာဃာတဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၄-စတုတ္ထပဏ္ဏာသက (စတုတ္ထသုတ်ငါးဆယ်)၊ (၁၇) ၂ - အာဃာတဝဂ် ၅ - ပဉှပုစ္ဆာသုတ်