အပ္ပံသုပတိသုတ်

ဝီကီပီးဒီးယား မှ

[၁] ညဉ့်အခါ အိပ်နေမှုနည်းပါး၍ နိုးကြားမှုများသောပုဂ္ဂိုလ် (၅) ယောက်တို့ကို ဟောတော်မူသည့်သုတ်။ [၂]


အပ္ပံသုပတိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ညဉ့်၌ အနည်းငယ်အိပ်ကုန်၊ များစွာ နိုးကြားကုန်သော သူငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

အပ္ပံသုပတိသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ ဤသူငါးမျိုးတို့သည် ညဉ့်၌ အနည်းငယ် အိပ်ကုန်၏၊ များစွာ နိုးကြားကုန်၏။

အဘယ်ငါးမျိုးနည်း ဟူမူ -

  • ရဟန်းတို့ မိန်းမသည် ယောက်ျား၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။
  • ရဟန်းတို့ ယောက်ျားသည် မိန်းမ၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။
  • ရဟန်းတို့ ခိုးသူသည် ခိုးခြင်း၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။
  • ရဟန်းတို့ မင်းသည် မင်းရေးကိစ္စတို့၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။
  • ရဟန်းတို့ ရဟန်းသည် (ကိလေသာတို့နှင့်) မစပ်ယှဉ်ရာ (နိဗ္ဗာန်) ၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။

ရဟန်းတို့ ဤသူငါးမျိုးတို့သည် ညဉ့်၌ အနည်းငယ် အိပ်ကုန်၏၊ များစွာ နိုးကြားကုန်၏ ဟု (မိန့်တော်မူ၏)။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၁၃၈။ အံ၊မြန်၊၂၊၁၇၃။ အံ၊ဋ္ဌ၊၃၊၄၉။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၄)၄-ရာဇဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၄) ၄- ရာဇဝဂ် ၇ - အပ္ပံသုပတိသုတ်