အက္ခမသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဤသုတ်၌ သီတင်းသုံးဖော်ရဟန်းတို့၏ ချစ်ခင်မြတ်နိုးလေးစားမှုကို မခံယူနိုင် သောမထေရ်နှင့် ခံယူနိုင်သောမထေရ်တို့၏ အင်္ဂါငါးမျိုးစီကို ဟောကြားတော်မူသည်။


[၂] မင်း၏အင်္ဂါအစိတ်အပိုင်း ဖြစ်သော်လည်း မင်းနှင့်မထိုက်တန်၊ မင်း၏အသုံး အဆောင် ဖြစ်ထိုက်/မဖြစ်ထိုက်သော ဆင်နှင့် အာဟုနေယျ အစရှိသောသံဃာ့ဂုဏ်နှင့် ထိုက်/မထိုက်သော ရဟန်းတို့ကို ခွဲခြား၍ အကျယ်ဟောကြားတော်မူသည့်သုတ်။

[၃]


အက္ခမသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးနှင့် သီတင်းသုံးဖာ်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွားစေတတ်သူ မထေရ်ရဟန်း ပြည့်စုံသောတရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၉၉။ အံ၊မြန်၊၂၊၁၂၀-၁။ အံ၊ဋ္ဌ၊၃၊၃၈။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၉) ၄-ထေရဝဂ္ဂ၊ ပဉ္စမသုတ်။
  2. -အံ၊၂၊၁၃၈-၁၄၂။ အံ၊မြန်၊၂၊၁၇၄-၉။ အံ၊ဋ္ဌ၊၃၊၄၉-၅၀။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၄) ၄-ရာဇဝဂ္ဂ၊ နဝမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၉) ၄-ထေရဝဂ် ၅- အက္ခမသုတ်