အရတိသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အရှင်ဝင်္ဂီသထေရ်သည် မိမိ၏ဥပဇ္ဈာယ်ဆရာတော် နိဂြောဓကပ္ပထေရ်နှင့် အာဠဝီမြို့တော် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးစဉ် သာသနာတော်၌ မမွေ့လျော်မှု “အနဘိရတိ” ဖြစ်ပေါ်လာရာ ကိုယ်တိုင်ပယ်ဖျောက်ပြီး သာသနာတော်၌ မွေ့လျော်မှု “အဘိရတိ” တရားဖြစ်ပေါ်လာသည့်အခါ ဘိက္ခုအမည်ရသူ၏ သဘောတရားများ, မုနိအမည် ရသူ၏ သဘောတရားများ, သူတော်ကောင်းတို့ဉာဏ်ဖြင့် သက်ဝင်တည်နေသည့် တရားတို့ကို ဂါထာငါးပုဒ်ဖြင့် ကျူးရင့်ပုံကို ပြဆိုထားသည့်သုတ်။


[၂] အရတိ (တောရကျောင်း, သမထ, ဝိပဿနာ ကုသိုလ်တရားတို့၌ မမွေ့လျော် မှု)ကို ပယ်ဖျောက်ရန် မုဒိတာတရားကို ပွားများရမည်၊ ဝိဟိံသာ (စိတ်ကို ညှင်းဆဲကြောင်းစေတနာ)ကို ပယ်ဖျောက်ရန် အဝိဟိံသာတရားကို ပွားများရမည်၊ အဓမ္မ စရိယာ (အကုသိုလ်ကမ္မပထတရား ဆယ်ပါး)ကို ပယ်ဖျောက်ရန် ဓမ္မစရိယာ (ကုသိုလ် ကမ္မပထတရား ဆယ်ပါး)ကို ပွားများရမည်-ဟု ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၈၈။ သံ၊မြန်၊၁၊၁၇၆။ သံ၊ဋ္ဌ၊၁၊၂၄၇-၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၈-ဝင်္ဂီသသံယုတ္တ၊ ဒုတိယသုတ်။
  2. -အံ၊၂၊၃၈၉-၃၉၀။ အံ၊မြန်၊၂၊၄၉၃။ အံ၊ဋ္ဌ၊၃၊၁၄၂။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၁၁-တိကဝဂ္ဂ၊ သတ္တမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ