အာရညကသုတ်

ဝီကီပီးဒီးယား မှ

[၁] (၁) အမှုသစ်၌ အားထုတ်မှုနည်းသော ကိစ္စနည်းသော မွေးမြူရလွယ်သော၊ အသက်၏အဆောက်အဦပစ္စည်းတို့၌ ရောင့်ရဲလွယ်သောရဟန်း၊

(၂) အစားအသောက်နည်းပါးပြီး ဝမ်းရေးအတွက် အားမထုတ်သောရဟန်း၊

(၃) အအိပ်နည်းပါးပြီး နိုးကြားမှုလုံ့လ အားထုတ်မှုရှိသောရဟန်း၊

(၄) အစွန်အဖျားတောရကျောင်း၌ နေသောရဟန်း၊

(၅) ကိလေသာမှထွက်မြောက်တိုင်းသောစိတ်ကို ဆင်ခြင်သောရဟန်း

ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသောရဟန်းတော်သည် အာနာပါနဿတိသမာဓိကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည်ရှိသော် မကြာမြင့်မီ အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏-ဟု ဟောတော်မူသည့်သုတ်။ [၂]


အရညကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်ပုံကို ဟောကြားတော်မူခဲ့သည်။[၃]

အရညကသုတ်[ပြင်ဆင်ရန်]

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -

  • ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (အမှုသစ်ကို) အားထုတ်မှု နည်းပါး၏၊ ကိစ္စနည်းပါး၏၊ မွေးမြူလွယ်၏၊ အသက်၏ အဆောက်အဦဖြစ်သော ပစ္စည်း၌ ရောင့်ရဲလွယ်၏။
  • အစားအသောက် နည်းပါး၏၊ ဝမ်းရေးကို အားမထုတ်။
  • အအိပ် နည်းပါး၏၊ နိုးကြားမှု၌ အားထုတ်၏။
  • တော၌ နေ၏၊ အစွန်အဖျားကျသော ကျောင်းလျှင် နေရာရှိ၏။
  • (ကိလေသာမှ) လွတ်မြောက်တိုင်းသော စိတ်ကို ဆင်ခြင်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၁၀၆။ အံ၊မြန်၊၂၊၁၃၀။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၁၀) ၅-ကကုဓဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၁၀) ၅ - ကကုဓဝဂ် ၈- အရညကသုတ်