အနာဂါမိဖလသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] သူတော်ကောင်းကို မှီဝဲခြင်း, သူတော်ကောင်းတရားကို ကြားနာခြင်း, သင့်လျော် သောအားဖြင့် နှလုံးသွင်းခြင်း (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကို ကျင့်ခြင်း ဟူသော တရားလေးပါးကို ပွားများအပ်, ကြိမ်ဖန်များစွာ လေ့လာသမှုပြုအပ် သည်ရှိသော် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏-ဟု ဟောတော်မူသည့်သုတ်။


[၂] ယုံကြည်ခြင်း “သဒ္ဓါ” မရှိမှု၊ (ဒုစရိုက်မှ) မရှက်မှု၊ (ဒုစရိုက်မှ) မလန့်မှု၊ ပျင်းရိမှု၊ သတိမေ့လျော့မှု၊ အသိဉာဏ်ပညာမရှိမှု-ဟူသော တရားခြောက်မျိုးကို မပယ်နိုင်လျှင် အနာဂါမိဖိုလ်ကို မျက်မှောက်မပြုနိုင်၊ ယင်းတရားခြောက်မျိုးကို ပယ်စွန့်နိုင်လျှင် အနာဂါ မိဖိုလ်ကို မျက်မှောက်ပြုနိုင်၏-ဟု ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၃၅၉။ သံ၊မြန်၊၃၊၃၆၄။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၁-သောတာပတ္တိသံယုတ္တ၊ ၆-သပ္ပညဝဂ္ဂ၊ သတ္တမသုတ်။
  2. -အံ၊၂၊၃၆၈။ အံ၊မြန်၊၂၊၄၆၂။ အံ၊ဋ္ဌ၊၃၊၁၃၇။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၇-ဒေဝတာဝဂ္ဂ၊ ပဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ