နာထသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ဣစ္ဆာနင်္ဂလပုဏ္ဏားရွာအနီး ဣစ္ဆာနင်္ဂလ တောအုပ်၌ သီတင်းသုံးတော်မူစဉ် သီလဝါ, ဗဟုဿုတ, ကလျာဏမိတ္တ, သုဝစ, ဒက္ခ, အနလသ, ဓမ္မကာမ, အာရဒ္ဓဝီရိယ, သန္တုဋ္ဌီ, သတိမာ, ပညဝါ ဟူသော တရားဆယ်ပါးသည် နာထကရဏတရားဖြစ်ပုံကို အကျယ်အားဖြင့် ဟောတော်မူပြီး အားကိုးဖွယ်တရား (၁၀)ပါးနှင့် ပြည့်စုံအောင်နေကြ၊ အားကိုးဖွယ်ရာ နာထတရား မရှိသူသည် ဆင်းရဲစွာနေရ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။


[၂] အထက်သုတ်လာ နာထတရားဆယ်ပါးတို့ကိုပင် တစ်ပါးစီ တစ်ပါးစီ၏ အဆုံး၌ ထေရ မဇ္ဈိမ နဝရဟန်းတို့သည်လည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏။ ထေရ မဇ္ဈိမ နဝရဟန်းတို့ စောင့်ရှောက်ချီးမြှောက်ခံရသူသည် ကုသိုလ်တရားတို့၌ ကြီးပွားတိုးတက်ခြင်းကိုသာ အလိုရှိအပ်၏၊ ဆုတ်ယုတ်ပျက်စီးခြင်းကို အလိုမရှိအပ်ဟူသော စကားရပ်ကို ဖြည့်စွက်၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၃၊၂၅၇-၆။ အံ၊မြန်၊၃၊၂၇၅-၇။ အံ၊ဋ္ဌ၊၃၊၂၉၀-၁။ အံ၊ဋီ၊၃၊၃၀၇-၉။ (ဒီ၊၃၊၂၂၁-၃။ ၂၅၅-၆) -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၂-နာထဝဂ္ဂ၊ သတ္တမသုတ်။
  2. -အံ၊၃၊၂၇၆-၉။ အံ၊မြန်၊၃၊၂၅၇-၂၈၀။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၂-နာထဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ