အာပတ္တိဘယသုတ်

ဝီကီပီးဒီးယား မှ

[၁] ဦးခေါင်းဖြတ်၍အသတ်ခံရမည့် ပြစ်မှုကျူးလွန်ပြီးသူနှင့် ပါရာဇိကအာပတ်၊ ကျည်ပွေ့ဖြင့်ရိုက်နှက်ဆုံးမရမည့် ပြစ်မှုကျူးလွန်ပြီးသူနှင့် သံဃာဒိသိသ်အာပတ်၊ ဦးခေါင်းပေါ်၌ပြာဖြူး၍ ရှုံ့ချခံရမည့် အပြစ်ကျူးလွန်ပြီးသူနှင့် ပါစိတ်အာပတ်၊ အလို ရှိတိုင်း ဆုံးမကြပါဟု လူအပေါင်းအားတောင်းပန်ရမည့် ပြစ်မှုကျူးလွန်ပြီးသူနှင့် ပါဠိ ဒေသနီအာပတ်-ဟူသော အာပတ်များ မသင့်နိုင်ရေးအတွက် ဆင်ခြင်ပြီး ပြစ်မှုများကို ရှောင်ကြဉ်ရမည်ဟု ဘေးလေးမျိုးကို ဟောတော်မူသည့်သုတ်။

ဤသုတ်၌ ရှေးခေတ်၏ အပြစ်ကြီးငယ်အလိုက် ပြစ်ဒဏ်များစီရင်ပုံထုံးကို လေ့လာနိုင်ပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၅၆၃-၅။ အံ၊မြန်၊၁၊၅၇၈-၉။ အံ၊ဋ္ဌ၊၂၊၃၉၄။ အံ၊ဋီ၊၂၊၃၉၁။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၅) ၅-အာပတ္တိဘယဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ