အဒုတိယပုဂ္ဂလသုတ်

ဝီကီပီးဒီးယား မှ

[၁] အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် တစ်ဆူတည်းသော ပုဂ္ဂိုလ်ဖြစ်တော်မူသော ဘုရားရှင်ပွင့်တော်မူခြင်းသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။ ဘုရားရှင်မှ ဒုတိယမြောက် သဗ္ဗညုဘုရားရှင်ဟူ၍ မရှိပါပေ၊ ဂုဏ်ရည်တူ ပုဂ္ဂိုလ်မရှိ၊ ကိုယ်ကာယအားဖြင့် တူသူမရှိ၊ တုဖက်ပြိုင်ဖက် ပုဂ္ဂိုလ်မရှိ၊ တုနှိုင်သည့် ပုဂ္ဂိုလ်မရှိ၊ မည်သူနှင့်မျှ တူတော်မမူ၊ မည်သူနှင့်မျှမတူသော ရှေ့ဘုရားရှင်တို့နှင့်သာ တူတော်မူ၏။ အခြေ နှစ်ချောင်း ရှိသူတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ၏-ဟု ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၂၂။ အံ၊မြန်၊၁၊၂၉။ အံ၊ဋ္ဌ၊၁၊၈၉-၉၁။ အံ၊ဋီ၊၁၊၁၃၇-၈။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၃-ဧကပုဂ္ဂလဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ