စုန္ဒီသုတ်

ဝီကီပီးဒီးယား မှ

[၁] -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-သုမနဝဂ္ဂ၊ ဒုတိယသုတ်။

ဘုရားရှင်သည် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အခြံအရံအမျိုးသမီး ငါးရာနှင့်အတူ ရထားငါးရာစီး၍ စုန္ဒီမင်းသမီး ရောက်ရှိလာပြီးလျှင် မောင်တော်စုန္ဒမင်းသားနှင့် ဆွေးနွေးခဲ့သော သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို မေးလျှောက်သဖြင့် အပါယ်လေးပါးသို့ မကျ မရောက် သုဂတိဘဝသို့ရောက်စေနိုင်သော သရဏဂုမ်သုံးပါးနှင့် ငါးပါးသီလ အမျိုးအစားများကို ရှင်းလင်းဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ အရိယကန္တသီလသည် မဂ္ဂဖလသီလ ဖြစ်ကြောင်း ဖွင့်ပြထားပါသည်။ [၂]


စုန္ဒီသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် စုန္ဒီမင်းသမီးအား တရား ဟောကြားတော်မူခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၉-၃၀။ အံ၊မြန်၊၂၊၃၈-၄၀။ အံ၊ဋ္ဌ၊၃၊၁၇-၁၈။ အံ၊ဋီ၊၃၊၁၅။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၄-သုမနဝဂ် ၂- စုန္ဒီသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။