အနရိယဝေါဟာရသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] (၁) မမြင်သည်၌ မြင်သည်ဟု ဆိုလေ့ရှိမှု၊
(၂) မကြားသည်၌ ကြားသည်ဟု ဆိုလေ့ရှိမှု၊
(၃) မတွေ့ထိသည်၌ တွေ့ထိသည်ဟု ဆိုလေ့ရှိမှု၊
(၄) မသိသည်၌ သိသည်ဟု ဆိုလေ့ရှိမှု၊
(၅) မြင်သည်၌ မမြင်ဟု ဆိုလေ့ရှိမှု၊
(၆) ကြားသည်၌ မကြားဟု ဆိုလေ့ရှိမှု၊
(၇) တွေ့ထိသည်၌ မတွေ့ထိဟု ဆိုလေ့ရှိမှု၊
(၈) သိသည်၌ မသိဟု ဆိုလေ့ရှိမှု-ဟူသော ပြောဆိုခြင်း (၈) မျိုးတို့သည် အရိယာမဟုတ်သူတို့၏ အပြောအဆိုဖြစ်ကုန်၏-ဟု ဟောတော်မူသည့်သုတ်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -အံ၊၃၊၁၂၇။ အံ၊မြန်၊၃၊၁၂၈။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၇)၂-ဘူမိစာလဝဂ္ဂ၊ သတ္တမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ