အနုယောဂါနုယောဂသုတ်

ဝီကီပီးဒီးယား မှ

(၈)သုတ် ရှိပါသည်။

[၁] အကုသိုလ်တရားတို့ကို အဖန်ဖန် အားထုတ်ခြင်း၊ ကုသိုလ်တရားတို့ကို အားမ ထုတ်ခြင်းသည် မဖြစ်သေးသော အကုသိုလ်တရားတို့ဖြစ်ကုန်၏၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ မဖြစ်သေးသော အကုသိုလ်တရားတို့ဖြစ်ရန် ဖြစ်ပြီးသော ကုသိုလ်တရားတို့ဆုတ်ယုတ်ရန် အကုသိုလ်တရားတို့ကို အားထုတ်ခြင်း၊ ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းမှတပါး အခြားတစ်ခုသော တရားကိုမျှ ငါဘုရား မြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ကုသိုလ်တရားတို့ကို အဖန်ဖန်အားထုတ်ခြင်း၊ အကုသိုလ်တရားတို့ကို အားမ ထုတ်ခြင်းသည် မဖြစ်သေးသော ကုသိုလ်တရားတို့ဖြစ်ကုန်၏။ ဖြစ်ပြီးသော အကုသိုလ်တရားတို့ ယုတ်လျော့ကုန်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ဖြစ်ရန် ဖြစ်ပြီးသော အကုသိုလ်တရားတို့ ယုတ်လျော့စေရန် ကုသိုလ်တရားတို့ကို အဖန်ဖန်အားထုတ်ခြင်း၊ အကုသိုလ်တို့ကို အားမထုတ်ခြင်းမှတပါး အခြားတစ်ခုသောတရားကိုမျှ ငါဘုရား မြင်တော်မမူဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃] အကုသိုလ်တရားတို့ကို အဖန်ဖန်အားထုတ်ခြင်း, ကုသိုလ်တရားတို့ကို အဖန်ဖန် အားမထုတ်ခြင်းမှတပါး များစွာသော အကျိုးမဲ့တို့ ဖြစ်အောင် ပြုနိုင်သော အခြားတစ်ခုသော တရားကိုမျှ ငါဘုရားမြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၄] ကုသိုလ်တရားတို့ကို အဖန်ဖန်အားထုတ်ခြင်း, အကုသိုလ်တရားတို့ကို အဖန်ဖန် အားမထုတ်ခြင်းမှတပါးသော များစွာသောအကျိုးတို့ဖြစ်အောင် ပြုနိုင်သော အခြား တစ်ခုသော တရားကိုမျှ ငါဘုရားမြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၅] မိမိကိုယ်တွင်း၌ဖြစ်သော အကြောင်းဖြစ်ခြင်းကြောင့် များစွာသော အကျိုးမဲ့ဖြစ် အောင် ပြုနိုင်သော “အကုသိုလ်တရားများကို အဖန်ဖန်အားထုတ်မှု ကုသိုလ် တရားများကို အားမထုတ်မှု’ မှတပါး အခြားတစ်ခုသော တရားကိုမျှငါဘုရား မြင်တော်မမူ-ဟု ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၆] မိမိကိုယ်တွင်း၌ ဖြစ်သော အကြောင်းဖြစ်သောကြောင့် ကြီးမြတ်များပြားသော အကျိုးဖြစ်အောင် ပြုနိုင်သော ကုသိုလ်တရားတို့ကို အဖန်ဖန်အားထုတ်မှု, အကုသိုလ် တရားတို့ကို အဖန်ဖန်အားမထုတ်မှုမှ တပါးသော အခြားတရားတစ်ခုကိုမျှ ငါဘုရား မြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၇] သဒ္ဓမ္မသုံးဖြာ သာသနာတော် ပျောက်ပျက်ကွယ်ပရန် အကုသိုလ်တရားတို့ကို တိုးပွားအောင် အားထုတ်ခြင်း, ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းမှတပါး အခြား တစ်ခုသော တရားကိုမျှ ငါဘုရားမြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၈] သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ် ကြာမြင့်စွာ တည်တံ့ မပျောက်မပျက် မကွယ်မပရန် ကုသိုလ်တရားတို့ကို အဖန်ဖန်အားထုတ်ခြင်း, အကုသိုလ်တရားတို့ကို အားမ ထုတ်ခြင်းမှတပါး အခြားတစ်ခုသော တရားကိုမျှငါဘုရားမြင်တော်မမူ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၉]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၁၂။ အံ၊မြန်၊၁၊၁၇။ အံ၊ဋ္ဌ၊၁၊၆၂-၃။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၈-ကလျာဏမိတ္တာဒိဝဂ္ဂ၊ ဒုတိယသုတ်နှင့် တတိယသုတ်။
  2. -အင်္ဂုတ္တရနိကာယ၊ ... တတိယသုတ်။
  3. -အံ၊၁၊၁၆။ အံ၊မြန်၊၁၊၂၁။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၉-ပမာဒါဒိဝဂ္ဂ၊ သောဠသမသုတ်။
  4. -အင်္ဂုတ္တရနိကာယ၊ ... ၊ သတ္တရသမသုတ်။
  5. -အံ၊၁၊၁၇။ အံ၊မြန်၊၁၊၂၁။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၀-ဒုတိယပမာဒါဒိဝဂ္ဂ၊ ပန္နရသမသုတ်။
  6. -အင်္ဂုတ္တရနိကာယ၊ ... ၊ သောဠသမသုတ်။
  7. -အံ၊၁၊၁၈။ အံ၊မြန်၊၁၊၂၄-၅။ -အင်္ဂုတ္တရနိကာယ၊ ... ၊ ဧကတ္တိသတိမသုတ်။
  8. -အံ၊၁၊၁၈။ အံ၊မြန်၊၁၊၂၅။ -အင်္ဂုတ္တရနိကာယ၊ ... ၊ ဗာတ္တိံသတိမသုတ်။
  9. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ