နိဿယသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နိဿယည်းဆရာဖြစ်သော ရဟန်း၏အရည်အချင်း (ဂုဏ်အင်္ဂါ) ငါးပါးကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရရဟန်း၏ မေးလျှက်ချက်အရ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတရားတို့ကို အမှီပြု၍ အကုသိုလ်ကို ပယ်စွန့်၏ ကုသိုလ်ကို ပွားများ၏။ အရိယပညာဖြင့် သိမြင်၍ ပယ်အပ်ပြီးသော အကုသိုလ်ကို အကြွင်းမဲ့ ပယ်ပြီးဖြစ်ပုံ၊ ဤတရားငါးပါး၌တည်၍ ပညာဖြင့် ဆင်ခြင်၍ မှီဝဲအပ်သည်ကို မှီဝဲခြင်း, သည်းခံအပ်သည်ကို သည်းခံခြင်းမှ ရှောင်ကြဉ်အပ်သည်ကို ရှောင်ကြဉ်ခြင်း, ပယ်ဖျောက်အပ်သည်ကို ပယ်ဖျောက်ခြင်းဟူသော တရားလေးပါးတို့ကို အမှီပြု၍ နေသောရဟန်းသည် “နိဿယသမ္ပန္န ဖြစ်၏ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ရှိပါသည်။


[၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်ဥပါလိထေရ်၏ မေးလျှောက်ချက်အရ နိဿယည်းဆရာ ရဟန်း၏ အရည်အချင်း (ဂုဏ်အင်္ဂါ) (၁၀)မျိုးတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၂၊၂၃၈။ အံ၊မြန်၊၂၊၃၀၄။ (ဝိ၊၃၊၉၀၊) -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ (၂၆) ၆-ဥပသမ္ပဒါဝဂ္ဂ၊ ဒုတိယသုတ်။
  2. -အံ၊၃၊၁၆၅-၆။ အံ၊မြန်၊၃၊၁၆၇-၈။ အံ၊ဋ္ဌ၊၃၊၂၅၈။ -အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၁-သမ္ဗောဓိဝဂ္ဂ၊ ဒုတိယသုတ်။
  3. -အံ၊၃၊၃၁၃။ အံ၊မြန်၊၃၊၃၁၂-၃။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၁ ပဌမပဏ္ဏာသက၊ ၄ ဥပါလိဝဂ္ဂ၊ ပဉ္စမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ