အနာပတ္တိသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
(၂)သုတ် ရှိပါသည်။
[၁] အနာပတ္တိကို အာပတ္တိဟု ပြ (ပြောဟော, ရေးသား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများအစီးအပွားမဲ့ရန်၊ ချမ်းသာမဲ့ရန်၊ အကျိုးစီးပွားမဲ့ရန်၊ နတ်, လူတို့ ဆင်းရဲရန် ကျင့်သုံးကြကုန်၏။ သည်သာမကသေး ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း တိုးပွားစေကြကုန်၏။ သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်ကို ကွယ်ပျောက်စေသူတို့လည်း ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] အနာပတ္တိကို အနာပတ္တိဟု ပြ (ပြောဟော, ရေးသား, သင်ကြား, ယူဆ, ပြုကျင့်)ကြသော ရဟန်းတို့သည် လူအများတို့ ကြီးပွား ချမ်းသာရန်၊ နတ်, လူတို့ချမ်းသာ စေရန် ပြုကျင့်ကြသူတို့ဖြစ်ကုန်၏။ သမ္မသုံးဖြာ ဤသာသနာတော်ကိုလည်း ကြာရှည် လေးမြင့်တည်တံ့ စေသူတို့ ဖြစ်ကုန်၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -အံ၊၁၊၂၀။ အံ၊မြန်၊၁၊၂၇။ အံ၊ဋ္ဌ၊၁၊၇၃။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၂-အနာပတ္တိဝဂ္ဂ၊ ပဌမသုတ်။
- ↑ -အံ၊၁၊၂၁။ အံ၊မြန်၊၁၊၂၈။ -အင်္ဂုတ္တရနိကာယ၊ ...၊ ဧကာဒသမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ