ဂီတဿရသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] သီချင်းသံဖြင့် တရားဟောသောပုဂ္ဂိုလ်၏ အပြစ်ငါးပါးတို့ကို ဟောတော်မူသည့်သုတ်။ [၂]
ဂီတဿရသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ရှည်စွာသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်၏ အပြစ်ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]
ဂီတဿရသုတ်
[ပြင်ဆင်ရန်]ရဟန်းတို့ ရှည်စွာသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -
- မိမိကိုယ်တိုင်လည်း ထိုအသံ၌ စွဲမက်၏။
- သူတပါးတို့သည်လည်း ထိုအသံ၌ စွဲမက်ကုန်၏။
- “ငါတို့ သီချင်းဆိုသကဲ့သို့ ထို့အတူ သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် သီချင်းဆိုကုန်၏” ဟု လူဒါယကာတို့သည် ကဲ့ရဲ့ကုန်၏။
- အသံပြုပြင်ခြင်းကို အလိုရှိသော ရဟန်းအား သမာဓိပျက်စီးခြင်း ဖြစ်၏။
- နောင်လာနောက်သားသည် အတုလိုက်၏။
ရဟန်းတို့ ရှည်စွာသော သီချင်းသံဖြင့် တရားဟောသော ပုဂ္ဂိုလ်တို့၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -အံ၊၂၊၂၁၉။ အံ၊မြန်၊၂၊၂၇၆။ အံ၊ဋ္ဌ၊၃၊၇၈။ အံ၊ဋီ၊၃၊၇၇-၈။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဉ္စမပဏ္ဏာသက၊ (၂၁)၁-ကိမိလဝဂ္ဂ၊ နဝမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
- ↑ ၃.၀ ၃.၁ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ ၅ - ပဉ္စမ ပဏ္ဏာသက၊ ၅-ပဉ္စမသုတ် ငါးဆယ်၊ (၂၁) ကိမိလဝဂ်၊ ၉-ဂီတဿရသုတ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ သာသနာ - ၂၅၄၁၊ ကောဇာ - ၁၃၅၉၊ ၁၉၉၈ ခုနှစ်။ pp. ၂၇၆။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)